ဦးလည်း မျက်နှာမှာ အထိုးခံထားရတဲ့ဒဏ်ရာအပြင် နှုတ်ခမ်းလည်းပေါက်ပြဲကာ လက်ဆစ်တွေလည်း ပေါက်ပြဲနေလေသည်။ နှစ်ယောက်သား ဘာမှဟုတ်တိပတ်တိမစားရသေးတာကြောင့် ဆေးရုံကန်တင်းမှာပဲ ညစာစားဖို့ အဆင်ပြေရာဝယ်လိုက်ပြီး လင်းတို့အတွက်ပါ ဝယ်လိုက်သည်။
အခန်းထဲရောက်တော့လည်း သီးသန့်ခန်းယူထားတာမို့ ဆေးရုံကခွင့်ပြုတယ် မပြုတယ်မသိ ၄ယောက်လုံး ဆေးရုံမှာပဲ အိပ်လိုက်ကြတော့သည်။ မိုးချုပ်နေပြီလေ ။ မနက်ကျရင် ဟိုသူတောင်းစားကို အမှုဖွင့်ဖို့ ဦးကပဲ ဦးဆောင်ပြီးသွားရမယ်ဖြစ်သည်။ နှောင်းမှာ လိုက်ချင်ပေမယ့် ခြေထောက်က မသက်သာသေးတာမို့ လိုက်လို့မရ။ ကိုယ်တိုင်လိုက်ပြီး အဲ့ကောင်ကို တရားစွဲချင်တာပါဆိုနေ။
ဪ ဒါနဲ့ နှောင်းဖုန်းလည်း ဘယ်ရောက်နေမှန်းမသိ ဟိုမှာပဲကျန်ခဲ့လားမသိ။ မနက်ဖြန်မတွေ့ဖြစ်ဘူးဆိုတာ မောင့်ကို ဖုန်းဆက်ရဦးမှာပင်။ ဒီခြေထောက်နဲ့ဆို
ဘာဖြစ်တာလဲမေးရင် ပြောပြဖို့က အခက်သား။ လင်းအပေါ်ကို တစ်မျိုးမြင်သွားရင် ဘယ်လိုလုပ်မလဲ။ ခြေထောက်သက်သာမှ မောင်နဲ့သေချာစကားပြောကြည့်ရမယ်။ ဒီညတော့ ဘာမှမတွေးတော့ဘဲ အိပ်ပျော်အောင်အိပ်ရမယ်။
💕💕💕💕💕
25 December, Christmas Day
မနက်မိုးလင်းကတည်းက တီမြိုင်နဲ့လေးနိုင်က ရောက်လာကာ နှောင်းတို့အတွက် ဆန်ပြုတ်အပြင် ကြက်စွပ်ပြုတ်ပါ ပြင်ဆင်ပြီးချက်ပြုတ်လာတာမို့ နှောင်းတို့ အားရပါးရစားလိုက်သည်။ ဒီနေ့လည် လင်းက ဆေးရုံဆင်းမှာမို့ နှောင်းတို့ဘယ်သူမှ မပြန်တော့ဘဲ လင်းဆေးရုံဆင်းမှာကို စောင့်ပေးနေကြသည်။ ၉နာရီထိုးခါနီးမှာ ဦးက ရဲစခန်းသွားဖို့ အခန်းထဲကအထွက် လင်းရဲ့အဒေါ်နဲ့ အဒေါ်ရဲ့သားက အခန်းထဲဝင်လာကာ
"ဘယ်မှာလဲ ငါ့တူမ"
တံခါးနားမှာရှိနေတဲ့ ရောင်နီ့ကိုမေးပေမယ့် မျက်လုံးက ကုတင်ပေါ်မှာ ထိုင်နေတဲ့လင်းကိုတွေ့သွားတာကြောင့် လင်းရှိရာနားသွားရင်း
"ဘာဖြစ်သွားသေးလဲ လင်း"
"လင်း ဘာမှမဖြစ်ပါဘူး ဒေါ်လေး... အဆင်ပြေပါတယ်"
💕Hpa An Trip💕
Start from the beginning
