"နေရဲလို့လား တစ်ယောက်တည်း"
"ရပါတယ်ဟာ... တစ်အိမ်ထဲမှာ အားလုံးရှိနေတာပဲကို... သွား နင်သွားအိပ်တော့"
"အင်း ပြီးရော အာ့ဆိုလည်း တစ်ခုခုဆို လှမ်းသာအော် ကြားလား"
"အေးပါဟာ"
ဦးက သူ့ကော်ဖီခွက်ကိုဆေးကာ အပေါ်ထပ်က သူ့အခန်းရှိရာကို တက်သွားသည်။ နှောင်းလည်း အိပ်မရမယ့်အတူတူ အလုပ်လုပ်နေမယ်စိတ်ကူးကာ အခန်းထဲပြန်ဝင်ပြီး Laptop နဲ့ Notebook လိုအပ်တာတွေ လင်းမနိုးအောင် တိတ်တိတ်လေးပြန်ယူပြီး ဧည့်ခန်းကြမ်းပြင်မှာ ငုတ်တုတ်ထိုင်ကာ အလုပ်လုပ်ဖို့ပြင်လိုက်သည်။ ၂၇ရက်နေ့မှ အလုပ်ကခွင့်ယူထားပေမယ့် မထင်မှတ်ဘဲ ၂၆ရက်နေ့က စယူသလိုဖြစ်သွားတာမို့ အားလည်းနာရသည်။
ခြေထောက်ကဒဏ်ရာကြောင့် ခရီးထွက်လာပေမယ့်
ဟိုဟိုဒီဒီမသွားဖြစ်ဖို့က ကြိမ်းသေသလောက်မို့ အလုပ်တွေရော လေ့လာဖို့စာအုပ်တွေရော အကုန်သယ်ခဲ့လိုက်တာဖြစ်သည်။ ကုမ္ပဏီကသူတွေကိုလည်း တစ်ခုခုဆို လှမ်းပြောပါ အမြဲလိုင်းပေါ်မှာရှိတယ်လို့ပြောခဲ့တာမို့
ခုလည်း မနက်ဖြန်လုပ်ရမယ့်အလုပ်တွေကို အဆင်သင့်ဖြစ်နေအောင် ထိုင်လုပ်နေလိုက်သည်။ အားလုံးပြီးသွားချိန်မှာ နာရီကြည့်လိုက်တော့ မနက်၄နာရီခွဲခါနီးပြီဖြစ်သည်။ Laptop Screen ကို အားစိုက်ကြည့်ထားတာမို့ မျက်ရိုးလည်းကိုက်လာကာ အခန်းထဲမှာ တစ်ချက်ပြန်အိပ်ဖို့တွေးပြီး ပစ္စည်းတွေအကုန်သိမ်းကာ အခန်းထဲပြန်ဝင်ပြီး ကုတင်ပေါ်မှာ အသာဝင်လှဲကာ
ပြန်အိပ်လိုက်တော့သည်။
💕💕💕💕💕
ကျိုက်ထီးရိုး
ကျိုက်ထီးရိုးဘုရားရင်ပြင်မှာတော့ စေတို့မိသားစုခဗျာ ချမ်းစိမ့်နေတဲ့ဆောင်းတွင်းကြီးထဲမှာ ချွေးပြန်နေလေသည်။ ဘုရားရင်ပြင်ပေါ်ခြေချစရာနေရာမရှိလောက်အောင် လူတွေကျိတ်ကျိတ်တိုးစည်ကားနေကာ စေကတော့ ချွေးပြန်ပြီး မူးတောင်မူးချင်လာသည်။ ဒီဇင်ဘာလက ကျိုက်ထီးရိုးဘုရားဖူးရာသီဖြစ်တာမို့ တစ်နိုင်ငံလုံးက ဘုရားဖူးဧည့်သည်တွေအပြင် နိုင်ငံခြားသားခရီးသွားဧည့်သည်တွေရောဖြင့် စည်ကားလျက်ရှိသည်။
💕Hpa An Trip💕
Start from the beginning
