💕Hpa An Trip💕

Mulai dari awal
                                        

ဦးကလည်း အခန်းတံခါးဖွင့်သံကြောင့်ထင်တယ်။ လှမ်းကြည့်လိုက်ပြီး နှောင်းကိုမြင်တော့

"အိပ်မပျော်ဘူးလား"

နှောင်းလည်း ဦးရှိတဲ့Kitchen နားက ထမင်းစားစားပွဲမှာ ထိုင်ခုံကိုဆွဲထုတ်ပြီးထိုင်လိုက်ရင်း

"မဟုတ်ပါဘူး တစ်ရေးနိုးလာတာ... မျက်လုံးကြောင်သွားတာနဲ့ ထလာလိုက်တာ... နင်ရော"

"အင်း အိပ်မပျော်လို့ ဘီယာသောက်မလားလို့"

ဘီယာသောက်မယ်ပြောပြီး ဖန်ခွက်နှစ်ခွက်ယူကာ ရေနွေးထည့်ပြီးကော်ဖီဖျော်လိုက်ပြီးနောက် နှောင်းထိုင်တဲ့ထမင်းစားစားပွဲမှာ နှောင်းနဲ့မျက်နှာချင်းဆိုင်နေရာမှာထိုင်ကာ နှောင်းကို အငွေ့တထောင်းထောင်းထနေတဲ့ ခွက်တစ်ခွက် ကမ်းပေးသည်။ နှောင်းယူကာကြည့်လိုက်တော့ ရေနွေးထဲကို ပျားရည်တစ်ဇွန်းထည့်ကာ နှောင်းအတွက်ဖျော်လာပေးပုံရကာ သူကတော့ ကော်ဖီဖြစ်သည်။

"ဘီယာသောက်မယ်ဆို ဘယ်လိုဖြစ်လို့ ကော်ဖီသောက်တာလဲ"

"ပထမတော့ သောက်မလို့ဘဲ နင်ရှိနေတော့ မသောက်ချင်တော့လို့"

"အမယ်လေး ဖြစ်ရလေဟယ်"

"နွေးသွားအောင် သောက်လိုက်... ပြီးရင် အိပ်ပျော်အောင်အိပ်ဦး... လက်ရော သက်သာလား"

"ဟင့်အင်း ကိုက်နေတယ်... အရင်နေ့ကထက် ပိုကိုက်တယ်"

"ရာသီဥတုအေးလို့ဖြစ်မှာ"

"အင်း"

နှောင်းလည်း ဘာမှဆက်မပြောတော့ဘဲ ဦးဖျော်ပေးတဲ့ ရေနွေးနဲ့ပျားရည်ကို မှုတ်ပြီး တစ်ငုံလောက်သောက်လိုက်တော့ ရင်ထဲနွေးသွားသည်။ နှစ်ယောက်သား ဘာစကားမှမပြောဖြစ်ကြဘဲ ဇွဲကပင်တောင်ကြီးရဲ့အလှကို ထိုင်ကြည့်နေကြသည်။ အတန်ကြာတဲ့အထိ ဦးကလည်း ငြိမ်နေတာမို့ မျက်လုံးထောင့်ကပ်ကာ ဦးကိုကြည့်လိုက်တော့ သောက်နေတဲ့ကော်ဖီကကုန်နေပြီဖြစ်သလို တစ်ခုခုကိုတွေးတောနေဟန်။

"ငါကမအိပ်သေးဘူးနော် ဦး... တစ်ရေးနိုးလာတာမို့
မအိပ်ချင်သေးဘူး... နင် အိပ်ချင်သွားအိပ်... ငါ့ကိုစောင့်ပေးမနေနဲ့"

💕 Feeling of Love 💕 (Unicode Ver)Tempat cerita menjadi hidup. Temukan sekarang