💕Hpa An Trip💕

Start from the beginning
                                        

တံခါးက အိမ်ရဲ့အလယ်တည့်တည့်လိုနေရာမှာဖြစ်တာကြောင့် ဘယ်ဘက်ခြမ်းမှာ ဧည့်ခန်း ထမင်းစားဖို့Dinning Area နဲ့ မီးဖိုချောင်ကို တံခါးတွေ အတားအဆီးတွေမရှိပဲ ဒီအတိုင်း တည်ဆောက်ထားတာကြောင့် ဧည့်ခန်းမှာထိုင်ပြီး စကားပြောရင်းဖြစ်ဖြစ်၊ Dinning Area ကနေ ထမင်းစားရင်းဖြစ်ဖြစ် မီးဖိုချောင်ကနေ ချက်ပြုတ်ရင်းဖြစ်ဖြစ် ရှေ့မှာရှိနေတဲ့ ဇွဲကပင်တောင်ရဲ့အလှကို သေချာပေါက် ခံစားလို့ရနိုင်သည်။ ညာဘက်ဝင်ဝင်ခြင်းမှာတော့ လှေကားတစ်ခုရှိသည်။ နှောင်းက တက်ရဆင်းရမလွယ်သေးတာမို့ မစပ်စုဖြစ်သေး။ ပြီးတော့ အိမ်သာရချိုးခန်းတစ်ခု ပြီးတော့ ညာဘက်မှာပဲ အခန်းတစ်ခုရှိတာကြောင့် ဖွင့်ကြည့်လိုက်တော့ အိပ်ခန်းတစ်ခုပင်။ အခန်းထဲကနေလည်း ဇွဲကပင်တောင်ကိုမြင်ရအောင် မှန်ချပ်တွေနဲ့ပြုလုပ်ထားတာမို့ နှောင်းခြေထောက်ဒဏ်ရာနဲ့ဆို ဒီအခန်းကအသင့်တော်ဆုံးပင်။ အခန်း၃ခန်းပါတဲ့အိမ်ဆိုတာ ဘိုကင်စလုပ်ကတည်းက သိပြီးသားမို့ လင်းနဲ့နှောင်းက တစ်ခန်းနေရမှာဖြစ်သည်။ ဒါကြောင့်

"လင်း ငါတို့ဒီအခန်းမှာပဲနေကြမလား"

"အင်းနေမယ်လေ"

"အိုခေ... ဟိုကောင်လေး မမတို့အိတ်တွေ ဒီအခန်းထဲထည့်ပေးနော် ဟိ"

နှောင်းအိတ်ကိုသယ်ပေးနေတဲ့ ဦးကိုလှမ်းပြောလိုက်ပြီး ကိုယ့်ဘာသာသဘောကျစွာရယ်လိုက်မိသည်။ နှောင်း
နေမယ့်အခန်းက တည့်တည့်ဆို ဧည့်ခန်းမို့ အဆင်ပြေပါတယ်။ မှန်တံခါးကြီးကို ဘေးတွန်းကာဖွင့်လိုက်တော့ ရှေ့မှာ ပြာလဲ့နေတဲ့ ရေကူးကန်။ ရေကူးကန်ဘေးမှာဘဲ အကင်တွေဘာတွေလုပ်စားဖို့နေရာလည်းရှိသေးတာမို့ နှောင်းတော့ နေရာရွေးတာမှန်သွားပြီလို့ တွေးလိုက်မိသည်။ ဒါပေမယ့် ရေကူးကန်ရဲ့ညာဘက်မှာ နှောင်းတို့နေမယ့်အိမ်နဲ့ပုံစံတူ အိမ်တစ်လုံးရှိသေးသည်။ ရေကူးကန်နားမှာ အိမ်နှစ်လုံးက L ပုံစံ ဖြင့်တည်ရှိနေလေသည်။ အိမ်နှစ်လုံးကို တစ်ခြံစီဆောက်ထားတာမို့ ကျန်တဲ့အိမ်တွေနဲ့ဆို နည်းနည်းလှမ်းသည်။ ၂လုံးတစ်တွဲ ၂လုံးတစ်တွဲကို။

"ကဲ ဟိုဆရာမ ခြေထောက်နာနေလို့သာပဲ လှည့်ပတ်ကြည့်နေတယ်... မပင်ပန်းဘူးလား နားတော့... ခဏနေ ညစာစားကြမယ်"

💕 Feeling of Love 💕 (Unicode Ver)Where stories live. Discover now