"ထိုင်ဝမ်နဲ့ရန်ကုန်ကို မင်းအိမ်နဲ့လမ်းထိပ်
မှတ်နေလို့လား... ဘယ်လိုဖြစ်လို့ ချက်ချင်း
ပြန်လာတာလဲ"
"ဟွန့်"
စေ ပြုံးလိုက်ပြီးနောက် ဖြစ်ကြောင်းကုန်စင်ပြောပြလိုက်တော့ ကောင်းပြည့်ရော ရတီရောက စေ့ကို ဖြစ်မှဖြစ်ရလေဟယ်ဆိုပြီး ရယ်လည်းရယ် စေ့ကိုလည်း လက်ဖျားခါသွားရလေသည်။
"မင်း နှောင်းကို အဲ့လောက်ထိချစ်သွားတာလား"
"ဟွန့် ဒါမင်းတို့ကို ပြောပြစရာလား"
"မင်းမပြောလည်း ငါတို့ကသိနေပါပြီကွာ ဟားးးဟားးး"
စေတို့ကားတစ်စီးလုံး ရယ်သံများ ဖုံးလွှမ်းသွားသည်။ ကားလေးကတော့ အဝေးပြေးလမ်းမပေါ် တရိပ်ရိပ်ပြေးလျက်။
💕💕💕💕💕
နှောင်း မှန်းထားသလို ည ၉နာရီကျော်လောက်မှာ
တည်းမယ့်နေရာကိုရောက်သည်။ နှောင်းတို့က ဟိုတယ်
ခန်းတွေမှာ တည်းမှာမဟုတ်ဘဲ ထိုဟိုတယ်ကနေပဲ လူငယ်တွေ အုပ်စုလိုက်၊ မိသားစုလိုက် သီးသန့်အနားယူအပန်းဖြေချင်သူတွေအတွက် သီးသန့်စီစဥ်ကာ တည်ဆောက်ပေးထားသည့် နှစ်ထပ်အိမ်လေးတွေမှာ တည်းမှာဖြစ်သည်။
မြို့ထဲက ဟိုတယ်မှာပဲ Check In ဝင်ကာ ဟိုတယ်ဝန်ထမ်းကောင်လေးက အရှေ့ကဆိုင်ကယ်နဲ့လမ်းပြပေးကာ နှောင်းတို့ကားက နောက်ကလိုက်သွားသည်။ ၁၀မိနစ်လောက် မောင်းပြီးချိန်မှာတော့ နှစ်ထပ်ကျွန်းအိမ်လေး ၆လုံးကိုတွေ့ရလေသည်။ နှောင်းတို့နေမယ့်အိမ်က ထောင့်စွန်းအိမ်ရဲ့ဘေးအိမ်ဖြစ်တာမို့ ထိုနားရောက်တော့ ဝန်ထမ်းကောင်လေးက ခြံတံခါးလေးဖွင့်ပေးသည်။ ကားကိုထိုနေရာထိမောင်းဝင်ရင်း ကားပေါ်ကဆင်းလိုက်ပြီးနောက် အရင်ဆုံးအပြင်ကို လှည့်ပတ်ကြည့်မိသည်။
အိမ်နှစ်လုံးကို ခြံတစ်ခြံပုံစံဖြင့် အိမ်၆လုံး ၃ခြံရှိလေသည်။ မဆိုးပါဘူး။ မြက်ခင်းပြင်ခင်းထားပြီး လူသွားလမ်းအတွက် ကွန်ကရစ်ခင်းပေးထားတာကြောင့် နှောင်းဖြည်းဖြည်းချင်းလျှောက်လာရင်း အိမ်တံခါးကို ဟိုတယ်ကပေးလိုက်တဲ့ ကဒ်နဲ့ဖွင့်လိုက်သည်။ ဝင်ဝင်ခြင်းမှာပဲ အနောက်တိုင်းဆန်ဆန်ပြင်ဆင်ထားတဲ့ Interior Design ကြောင့် အမှတ်ပြည့်ပေးမိသည်။ တံခါးဖွင့်ဝင်လိုက်တယ်ဆိုရင်ပဲ ရှေ့တည့်တည့်မှာ မှန်အကြီးကြီးသာကာရံထားတာကြောင့် ဇွဲကပင်တောင်ကို အနီးကပ်မြင်တွေ့လိုက်ရသလိုပင်။ ရင်ထဲအေးသွားတာပဲ။
💕Hpa An Trip💕
Start from the beginning
