"မောင်လေး နင် ရန်ကုန်မှာလား"
"ဟုတ်တယ် ကျွန်တော်မေးတာဖြေပါဦး
အစ်မကုမ္ပဏီမှာလားလို့"
"မဟုတ်ဘူး အစ်မ ဒီနေ့ကုမ္ပဏီမသွားဘူး စေရဲ့...
အိမ်မှာ"
အစ်မဆီလာတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ကုမ္ပဏီ
သွားရင်း "မ"နဲ့တွေ့မယ့် အစီအစဉ်က အလုပ်မဖြစ်တော့ပြန်။ ထိုစဉ် နောက်ထပ်ပြောလာတဲ့ အစ်မရဲ့စကားကြောင့် စေ့မှာ အံ့ဩသွားရသည်။
"အစ်မတို့တွေ ကျိုက်ထီးရိုးဘုရားဖူးသွားကြမလို့...
ရွိုင်ရယ်လေးလည်း ကျောင်းပိတ်တုန်း"
"အမေတို့ရောလား"
"ဟုတ်တယ် တစ်မိသားစုလုံး... ကောင်းပြည့်နဲ့ရတီပါ ပါမှာ"
"ဟင် သူတို့ကဘာလို့လဲ... ဒါထက် ကျွန်တော့်ကို
ဘာလို့မပြောတာလဲ"
"စေပဲ ထိုင်ဝမ်က ပြပွဲကအရေးကြီးတယ် မတက်မဖြစ်ဆို... ထားပါတော့ မောင်လေးလိုက်ခဲ့ပါလား... ကိုယ့်မိသားစုတွေချည်းပဲဟာ"
စေ မလိုက်တော့ဘူးလို့ပြောမလို့ ပြင်ပြီးမှ ကျိုက်ထီးရိုးက ဘားအံနဲ့သိပ်မဝေး။ "မ"ဆီ စေလိုက်သွားလို့ရလောက်သည်။ ခက်တာက "မ"က အဆက်မသွယ်မရသေးသလို ဘယ်မှာတည်းမယ်မှန်းမသိသေး။ ထားပါတော့ ဘယ်လိုပဲဖြစ်ဖြစ် ကျိုက်ထီးရိုးရောက်ပြီးမှ
စဥ်းစားလည်းရတာပဲ။
"အာ့ဆို ကျွန်တော်လည်း လိုက်ခဲ့မယ်လေ... ကျွန်တော့်အိမ်ကိုပဲ ဝင်ခဲ့လိုက်ကြလေ... ကျွန်တော် အဝတ်အစားတွေထည့်ရင်း အိမ်မှာပဲစောင့်နေလိုက်မယ်"
"အိုခေ အမေနဲ့အဖေတော့ စေလိုက်မယ်ဆိုတာသိရင် သိပ်ဝမ်းသာသွားမှာ... ဒါပဲနော် မောင်လေး"
"ဟုတ်"
စေဖုန်းချကာ တက္ကဆီကို စေ့အိမ်ရှိရာသို့ ပြန်မောင်းခိုင်းလိုက်တော့သည်။ "မ"အကောင့်ထဲဝင်ကြည့်တော့လည်း 1 Hour ago တဲ့။ စာပို့ဖို့ပြင်လိုက်တိုင်း ရောင်နီဦးဆိုနဲ့ဘဲ မျက်နှာကိုမြင်လာပြီး စာမပို့ဖြစ်။
တွေ့ခါမှတွေ့ပေါ့။ ခုလောလောဆယ်တော့ "မ"နဲ့ ပတ်သက်ပြီး နည်းနည်းလေး မာနကြီးပါရစေ။ "မ"မျက်နှာလေးမြင်လိုက်ရင် စေ့ရဲ့မာနတွေက
အစရှာလို့မရအောင် ပျောက်သွားတာမို့ "မ"နဲ့မတွေ့ခင်တော့ နောက်ဆုံးလက်ကျန်မာနလေးကို ထိန်းထားချင်လို့ပါ။
💕Hpa An Trip💕
Start from the beginning
