ထိုစဉ်ဖွင့်ထားတဲ့ ရေဒီယိုချန်နယ်လိုင်းက Kelly Clarkson ရဲ့ Because of You သီချင်းရဲ့ Intro တီးလုံးကိုကြားလိုက်ရတယ်ဆိုရင်ပဲ ချက်ချင်းဆိုသလို ဦးက တစ်ခြားလိုင်းပြောင်းလိုက်လေသည်။ နှောင်း ဦးဘက်ကို ခေါင်းလေးစောင်းကာ ကြည့်လိုက်ရင်း ပြုံးပြပြီး ကားမှန်ဘက်ပြန်လှည့်ကာ လှိုက်ခနဲဖြစ်သွားတဲ့ရင်တုန်မှုကို ကားလမ်းတစ်လျှောက်က လယ်ကွင်းပြင်တွေကို ကြည့်ကာ ဖြေဖျောက်လိုက်သည်။
ရှုခင်းတွေကြည့်နေရင်း ဖုန်းကိုထုတ်ကာ IG ကိုဖွင့်ပြီး မောင့် Update ကြည့်လိုက်တော့ နေ့လည်က တင်ထားတဲ့ ထိုင်ဝမ်ပြပွဲကပန်းချီဆရာနဲ့တွဲရိုက်ပြီး တင်ထားတဲ့ပုံသာရှိသေးသည်။ မောင်လည်းအလုပ်ရှုပ်နေလောက်မယ်ထင်ပြီး နှောင်းဘက်က ဘာစာမှမပို့ဖြစ်တော့။ ရေဒီယိုမှာလာနေတဲ့ နူးညံ့တဲ့အမိန့်တော်တိုင်းဆိုတဲ့သီချင်းကို မိုးသောက်နဲ့အပြိုင်ဟဲကာ အားလုံးဘားအံသို့ချီတက်လာကြသည်။
💕💕💕💕💕
တက္ကစီပေါ်ထိုင်နေရင်း "မ"ဆီဖုန်းခေါ်ကြည့်ပေမယ့် ဖုန်းက စက်ပိတ်ထားဆဲ။ ဘာလဲဟ။ မနက်ဖြန်ဆို "မ"ကခရီးသွားမယ်လို့ပြောထားတာမို့ ဒီညနေအမှီ "မ"နဲ့ စကားပြောချင်လို့ မနေ့က ညတွင်းချင်း ထိုင်ဝမ်သွားကာ Mr.Joseph ပွဲကိုသွားခဲ့တာဖြစ်သည်။ ဂုဏ်ပြုစကားပြောကာ လက်ဆွဲနှုတ်ဆက်ရင်းနဲ့ အရေးကြီးကိစ္စရှိလို့ ချက်ချင်းပြန်ဖြစ်မယ့်အကြောင်းပြောကာ အားနာကြောင်းပြောတော့ Mr.Joseph ကတော့ စေ့ကို ခရီးပမ်းတော့မှာပဲ သူ့ဆီမလာဖြစ်လဲရပါတယ်ဆိုပြီး ပြန်အားနာနေသေးသည်။ နှုတ်ဆက်ပြီး စောင့်နေကြတဲ့မီဒီယာတွေကြောင့် အင်တာဗျူးနည်းနည်းပါးပါးဖြေပေးပြီး အဝတ်အစားတောင်မလဲနိုင်ဘဲ ချက်ချင်းလေဆိပ်ဆင်းကာ ရန်ကုန်ပြန်လာခဲ့တာဖြစ်သည်။
အခုလို ထိုင်ဝမ်နဲ့ရန်ကုန်ကို အိမ်ရှေ့နဲ့နောက်ဖေးလို အသွားအပြန်လုပ်ပြီး ပြန်ရောက်လာရတဲ့
အကြောင်းပြချက်ဖြစ်တဲ့ "မ"ကတော့ ဖုန်းစက်ပိတ်ထားလေရဲ့။ မထူးတော့တာမို့ အစ်မဆီပဲ တိုက်ရိုက်ဖုန်းဆက်လိုက်တော့သည်။
"ဟယ်လို"
"ဟယ်လို အစ်မ ကုမ္ပဏီမှာလား"
မြတ်မှာတော့ ထိုင်ဝမ်ရောက်နေတဲ့သူက ပြည်တွင်းဖုန်းနဲ့ဆက်နေတာမို့ အံ့ဩသွားကာ
💕Hpa An Trip💕
Start from the beginning
