💕Hpa An Trip💕

Start from the beginning
                                        

စစချင်းမှာ ဒေါသတွေထွက်နေပေမယ့် တဖြည်းဖြည်းငိုင်ကျသွားပြီးနောက်... စေ "မ"ကို စွန့်လွှတ်လိုက်ရတော့မှာလား... ဒါပေမယ့် "မ"ရဲ့မျက်ဝန်းတွေထဲမှာ စေ့အတွက် မျှော်လင့်ချက်တွေရှိနေသေးတာကို စေသိတယ်... ဒါပေမယ့် ရောင်နီဦးဆိုတဲ့ ဘဲနဲ့ယှဉ်ရင် စေက ဒုတိယနေရာမှာ... ထိုင်နေရင်းနဲ့ပဲ ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်ပြီး ကောင်းပြည့်ဆီဖုန်းခေါ်လိုက်သည်။

"အင်း ငါ ထိုင်ဝမ်သွားဖို့ကို ဒီညပြောင်းပေး"

"ဘာရယ်"

"ဒီည ငါထိုင်ဝမ်သွားမယ်... ဒါပဲ ငါအဝတ်အစားထည့်လိုက်ဦးမယ်"

ပြောပြီးတာနဲ့ဖုန်းချလိုက်ပြီး အပေါ်ထပ်ကိုတက်ကာ LV Luggage ကို ထုတ်ကာ အဝတ်အစား ၂စုံထည့်၊ ပတ်စ်ပို့နဲ့လိုအပ်တာတွေ အားလုံးထည့်ပြီး အငှားကားနဲ့ပဲ လေဆိပ်ကိုထွက်ခဲ့လိုက်တော့သည်။ လေဆိပ်ရောက်တော့ Check In ဝင်၊ လေယာဉ်ပေါ်တက်ပြီးတာနဲ့ ထိုင်ဝမ်ကိုစေထွက်လာခဲ့သည်။ ထိုင်ဝမ်ကပြန်ရောက်တာနဲ့ စေလုပ်ရမှာတွေကို ခေါင်းထဲမှာ တွေးကာ အစီစဉ်ချထားလိုက်တော့သည်။

💕💕💕💕💕

26 December

ကားပေါ်မှာထိုင်ရင်း ပြတင်းပေါက်ကဖွင့်ထားတာမို့ နှောင်းမျက်နှာပေါ် ညနေခင်းလေနုအေးလေးတွေက တိုက်ခတ်လာသည်။ နာရီကြည့်တော့ ညနေ ၄နာရီထိုးနေပြီမို့ ည ၈နာရီလောက်တော့ ဘားအံရောက်မယ်ထင်တယ်။ နှောင်းလည်းခြေထောက်နာနေပြီး ပြဿနာတွေတက်ထားတာမို့ တီမြိုင်တို့က ခရီးထွက်မယ့်အစီအစဉ်ကို ဖျက်ဖို့ပြောပေမယ့် လင်းလည်းစိတ်ပြေလက်ပျောက်ဖြစ်အောင် နှောင်းကပဲ သွားဖို့ပြောလိုက်တာမို့ မနက်ဖြန်မှသွားမယ့်ခရီးကို ဒီနေ့ကတည်းကပဲ ခွင့်ယူကာ ထွက်လာခဲ့တာဖြစ်သည်။ နှောင်းလည်း စိတ်ပြေလက်ပျောက်ဖြစ်တာပေါ့။ နှောင်းရဲ့ခြေထောက်ကာ လမ်းလျှောက်တာထော့နဲ့ထော့နဲ့ဖြစ်တာကလွဲရင် အဆင်ပြေပေမယ့် လက်ကတော့ နာနေတုန်းပင်။

ဦးက‌ကားမောင်းနေပြီး နှောင်းက ခြေထောက်နာနေတော့ အတက်အဆင်းအဆင်ပြေအောင်ရယ် ကားကြည့်ပေးဖို့ရယ် ဦးနဲ့အတူ ရှေ့မှာပဲထိုင်နေတာဖြစ်သည်။ လေးနိုင်ရဲ့ Alphard အဖြူလေးက ၇ယောက်လောက်အေးဆေးစီးလို့ရတာမို့ နှောင်းတို့ခရီးထွက်တိုင်း လေးနိုင်ကားနဲ့သာ။ ခုတော့ လေးနိုင်နဲ့တီမြိုင်က နောက်ဆုံးမှာထိုင်နေပြီး မိုးသောက်နဲ့လင်းက အလယ်မှာဖြစ်သည်။ ရေဒီယိုက လာသမျှသီချင်းတွေကို လိုက်ဆိုကြရင်း စိတ်ညစ်စရာတွေကို ခဏမေ့ထားလိုက်ကြသည်။ ဒါနှောင်းရဲ့ Comfort Zone လေးပေါ့။

💕 Feeling of Love 💕 (Unicode Ver)Where stories live. Discover now