"ဟုတ်ကဲ့ နားလည်ပါပြီ"
"ဒါဆို ကျွန်မတို့ကို ခွင့်ပြုပါဦး... ပြီးတော့ ရှင်တို့တွေ ဒဏ်ရာကို ဆေးထည့်သင့်နေပြီနော်"
ဆရာဝန်က နှောင်းနဲ့ဦးကို ကြည့်ကာပြောသွားပေမယ့် ရဲဘက်က လင်းကိုမေးမြန်းဖို့ရှိနေတာကြောင့် ခဏနေသေချာပေါက်ထည့်လိုက်ပါမယ်လို့ပဲပြောကာ ပေကပ်ပြီး အခန်းထဲမှာနေခဲ့လိုက်သည်။ နှောင်းလည်း မျက်မြင်သက်သေအဖြစ် ထွက်ဆိုရဦးမှာမလား။
"မလင်းလက်မေ သက်သာရဲ့လား... ကျွန်တော်တို့ မေးမြန်းစရာလေးတွေရှိနေလို့ ဖြေပေးလို့အဆင်ပြေနိုင်မလား"
"ဟုတ်ကဲ့အဆင်ပြေပါတယ်ရှင်"
"ဒါဆို ဒီအမှုနဲ့ပတ်သက်ပြီး နစ်နာသူတစ်ယောက်အနေနဲ့ အစအဆုံးပြောပြပေးပါ... ပြစ်မှုကျူးလွန်သူ ကိုထူးပိုင်နဲ့ကရော ဘယ်လိုဆက်ဆံရေးပါလဲ"
"ဟုတ်ကဲ့ ကိုထူးပိုင်နဲ့ ကျွန်မနဲ့က လွန်ခဲ့တဲ့၃နှစ်ကျော်ကတွဲခဲ့ကြတာပါ... နောက် ၄လလောက်ဆို ၄နှစ်ပြည့်ပါပြီ... ပြီးခဲ့တဲ့လတွေမှာ သူ့မှာနောက်တစ်ယောက်ရှိနေပြီး ကျွန်မကို သစ္စာဖောက်တဲ့အတွက် လွန်ခဲ့တဲ့ ၁ပတ်ကျော်လောက်က ကျွန်မသူနဲ့လမ်းခွဲခဲ့ပါတယ်... ဒါပေမယ့် သူ့ဘက်ကလမ်းခွဲမပေးနိုင်ဘူး သူနောက်တစ်ခါမလုပ်တော့ပါဘူးနဲ့ ကျွန်မဆီကို နေ့တိုင်းလာပြီး တောင်းပန်ပေမယ့် ကျွန်မဘက်က သူ့ဘာပြောပြော သူနဲ့ရှေ့မဆက်ချင်တော့တာမို့ လက်မခံခဲ့ပါဘူး... ဒီနေ့မနက်လည်း ထုံးစံအတိုင်း ကျွန်မဆီကိုလာပြီး တောင်းပန်ပါတယ်"
"..............."
"နည်းနည်းလေးကတောက်ကဆဖြစ်ပြီး သူပြန်သွားပါတယ် ဒါပေမယ့် ညနေကျတော့ ကျွန်မလည်း ခရီးထွက်ရင်လိုအပ်တဲ့အသုံးအဆောင်တွေ ဝယ်ဖို့အပြင်သွားတုန်း သူက ကျွန်မတို့ရပ်ကွက်က လူပျက်တဲ့နားမှာ ကားနဲ့ရပ်စောင့်နေပြီး ကျွန်မနဲ့နှစ်ယောက်တည်းစကားပြောဖို့ ပြောတာ ကျွန်မက လက်မခံတာနဲ့ စကားများကြပါတယ်... သူက ကျွန်မကိုကားပေါ်အတင်းဆွဲတင်ပြီး ရုန်းကန်အော်ဟစ်နေတဲ့ ကျွန်မကို... ကျွန်မကို"
"............"
ပြောပြနေရင်း ဝမ်းနည်းလာတာကြောင့် ကျလာတဲ့မျက်ရည်တွေကို သုတ်လိုက်ပြီး
💕Linn Latt May💕
Start from the beginning
