💕Linn Latt May💕

Start from the beginning
                                        

"ဒါပေမယ့်"

"ကျွန်တော်က အဖြစ်အပျက်အားလုံးကို တွေ့လိုက်တဲ့သူမို့ ကျွန်တော်ပဲလိုက်ခဲ့ပါမယ်... သူတို့နှစ်ယောက်ကတော့ ဒဏ်ရာတွေလည်းရထားတာမို့ သူတို့ကိုဆေးရုံလိုက်ခိုင်းလိုက်ပါ... အဲ့လိုဆို အဆင်ပြေမလား"

"ကောင်းပြီလေ"

ဆေးရုံကားလည်းရောက်လာတာမို့ နှောင်းတို့လည်း ဆေးရုံကိုတစ်ခါတည်းလိုက်သွားလိုက်ပြီး ‌ဦးကတော့ ကိစ္စတွေပြီးရင် လိုက်လာမယ်လို့ပြောလေသည်။ ရဲအရာရှိကလည်း လင်းသတိရလာတာနဲ့သူတို့ကို ဆက်သွယ်ပေးဖို့ပြောတာမို့ နှောင်းတို့လည်း ဟုတ်ကဲ့တစ်ခွန်းပြောပြီး ထွက်လာခဲ့ကြသည်။

💕💕💕💕💕

ဆေးရုံရောက်ဝာာနဲ့ ဆရာဝန်တွေက လင်းကို စမ်းသပ်ပြီးတာနဲ့ နှောင်းတို့ကို အခြေအနေပြောပြတဲ့စကားကြောင့် နှောင်းမှာ သွေးတွေပဲ ဆောင့်တက်သွားရသလိုပင်။

"လူနာက မေ့ဆေးအရှိန်ကြောင့် သတိမရသေးတာပါ... စိုးရိမ်စရာမရှိတော့ပါဘူး... မကြာခင်သတိရလာပါလိမ့်မယ်... မေ့ဆေးကဘယ်အချိန်လောက်က ပေးလိုက်တာလဲသိကြလား ခန့်မှန်းခြေပေါ့"

နှောင်းလည်းသေချာသိနိုင်တဲ့ မိုးသောက်ကိုကြည့်လိုက်တော့ မိုးသောက်က

"၇နာရီဝန်းကျင်လောက်ကပါ"

"ခုက ၁‌၀နာရီကျော်ဆိုတော့ ၁၁ ၁၂လောက်ဆို သတိရလာပါလိမ့်မယ်... နောက်ပြီး လူနာရဲ့ဝမ်းဗိုက်မှာ ခပ်ပြင်းပြင်းထိခိုက်ထားတဲ့ပုံစံမျိုးတွေ့ရတယ်"

"ခပ်ပြင်းပြင်းဆိုတာ"

"လူနာရဲ့ဝမ်းဗိုက်ကို တစ်စုံတစ်ယောက်က ထိုးနှက်ခဲ့တယ်လို့ ကောက်ချက်ချချင်ပါတယ်... နောက်ပြီး မျက်နှာပေါ်က ဒဏ်ရာတွေနဲ့ရောဆိုတော့ "

ဆရာဝန်က ပြောလက်စစကားကိုရပ်ပြီး နှောင်းကိုကြည့်လာတဲ့အကြည့်ကို နှောင်းနားလည်တာကြောင့်

"ကျွန်မတို့က စခန်းမှာအမှုဖွင့်မှာမို့ လိုအပ်မယ့် စာရွက်စာတမ်း သက်သေတွေလုပ်ပေးလို့ရမလားရှင့်"

"ဟုတ်ကဲ့ ရပါတယ်... ဒါဆို ကျွန်မကိုသွားခွင့်ပြုပါဦး... လူနာသတိရလာရင် ကျွန်မတို့ကိုအကြောင်းကြားပေးပါနော်... ပြီးတော့ ဒီကညီမတို့လည်း တစ်ခါတည်းဆေးထည့်လိုက်ကြနော်... Nurse တွေလုပ်ပေးလိမ့်မယ်"

💕 Feeling of Love 💕 (Unicode Ver)Where stories live. Discover now