ထိုလူလဲသွားမှ နှောင်းလည်း သက်ပြင်းချကာ စိတ်လျော့လိုက်ပြီး လင်းဆီသွားဖို့လူးလဲထရသည်။ လင်းကို နှိုးနေတာလည်း လင်းက တစ်ချက်တောင် မတုံ့ပြန်ပေ။
"နှောင်း"
နောက်ခေါ်သံကြောင့် လှည့်ကြည့်တော့ ဦးနဲ့မိုးသောက်က ဖူးယောင်နေတဲ့မျက်နှာတွေနဲ့ နှောင်းတို့ရှိရာလျှောက်လာပြီး နှောင်းဘေးနားထိုင်ကာ
"နင်ထိခိုက်သွားသေးလား နှောင်း"
"ဟင့်အင်း နင်တို့လည်းကိုယ့်ကိုကိုယ်ပြန်ကြည့်ကြဦး... ဒါနဲ့ လင်းက ဘာဖြစ်နေလဲမသိဘူး... ဒီလောက်ဆူညံနေတာတောင် တစ်ချက်မနိုးလာဘူး"
ရောင်နီ လင်းကိုကြည့်လိုက်တော့ သတိမရှိသလို မျက်နှာကဖျော့တော့နေသည်။
"ငါ လင်းကိုချီခဲ့မယ် ဒီကသွားကြရအောင်... ဟိုကောင်တွေတော့ လောလောဆယ် မှောက်နေပြီ... လာ... သွားကြမယ်... မိုးသောက် ရှေ့ကသွား ဟိုကောင်တွေကို သတိထားဦး"
"ဟုတ် ကိုကြီး"
🚔🚔🚔🚔🚔
"ဘာသံလဲ"
"ဟို ငါရဲခေါ်လိုက်တာ... ဘာလုပ်ရမှန်းမသိတာနဲ့"
စကားတောင်မဆုံးသေး ကိုလှရွှေတို့အမျိုးတွေ ၅ယောက်လောက် အိမ်ပေါ်ပြေးတက်လာကြတာကို တွေ့တာမို့ နှောင်းကပဲ
"ဖုန်းဆက်ပြီး အကြောင်းကြားတာ ကျွန်မပါ... ဒီလူတွေက ကျွန်မသူငယ်ချင်းကို ပြန်ပေးဆွဲလာကြတာပါရှင့်"
ယူနီဖောင်းဝတ်ထားတဲ့အရာရှိတစ်ယောက်က နှောင်းပြောတာကိုနားထောင်ပြီး ခေါင်းညိတ်ပြကာ
"ဒီလူတွေကို စခန်းခေါ်သွားလိုက်တော့... နောက်ပြီး ညီမတို့ပါလိုက်ခဲ့ကြပါ"
ဦးဦးရဲကြီးရဲ့စကားကြောင့် နှောင်းနားမလည်သလိုကြည့်ကာ
"ဘာလို့လိုက်ရမှာလဲ... ဒီမှာ ကျွန်မသူငယ်ချင်းက သတိတောင်မရဖြစ်နေတာလေ... သူ့ကိုဆေးရုံပို့ဖို့ အရင်လုပ်ရမယ်"
"မင်းသူငယ်ချင်းအတွက် ဆေးရုံကားခေါ်ပြီး ဆေးရုံကိုလွှဲပေးလိုက်မယ်... မင်းတို့ကတော့ မျက်မြင်သက်သေအနေနဲ့ စခန်းမှာ ထွက်ဆိုချက်ပေးရပါမယ်"
💕Linn Latt May💕
Start from the beginning
