ဝုန်း!!!!!
အိမ်ထဲဝင်ခါနီးမှာ ကြားလိုက်ရတဲ့ ဝုန်းဆိုတဲ့အသံကြောင့် နှောင်းနဲ့မိုးသောက် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ ချက်ချင်းအိမ်ထဲပြေးဝင်လိုက်ကြသည်။ ဧည့်ခန်းလို့ထင်မှတ်ရပေမယ့် စားပွဲနဲ့ ထိုင်ခုံနှစ်လုံးသာရှိသည်။ သို့ပေမယ့် ထိုင်ခုံတွေကလည်း လဲကျနေကာ စားပွဲပေါ်က အရက်ပုလင်းကလဲ မှောက်နေပြီး ကြမ်းပြင်မှာလည်း ဖန်ကွဲစတွေ။ မူမမှန်တဲ့အနေအထားကြောင့် နှောင်းတို့ လှေကားကနေ အပေါ်ထပ်ကို အပြေးအလွှားတက်လာခဲ့လိုက်ကြတော့ မြင်လိုက်ရတဲ့မြင်ကွင်းတွေက သွေးပျက်စရာ။
ကြမ်းပြင်ပေါ်လဲကျနေကာ သွေးချင်းချင်းနီနေတဲ့သူ့ခေါင်းသူကိုင်ပြီး ညည်းညူနေတဲ့ နှောင်းတို့မသိတဲ့လူတစ်ယောက်။ တစ်ဖက်မှာတော့ အပေါ်စီးကနေ ခွထိုင်ပြီး လူတစ်ယောက်ကို သဲကြီးမဲကြီး ထိုးနေတဲ့ဦး။ မျက်နှာမှာလည်း အထိုးခံထားရပုံပေါ်သည့် ဒဏ်ရာ ဒဏ်ချက်တွေနဲ့။ ထိုစဉ် နောက်ထပ်လူတစ်ယောက်က ဦးကို သစ်သားချောင်းတစ်ခုနဲ့ရိုက်ဖို့ပြင်နေတုန်း မိုးသောက်ကာ ပြေးသွားကာ ထိုလူက ဝင်လုံးလိုက်သည်။
ရုတ်ရုတ်သဲသဲဖြစ်နေတဲ့အခြေအနေတွေကြားထဲ လင်းကိုသတိရကာ အခန်းနှစ်ခန်းကိုတွေ့တာမို့ အခန်းတံခါးတွေဆွဲဖွင့်လိုက်တော့ ဒုတိယအခန်းထဲမှာ လင်းကိုတွေ့လိုက်ရသည်။ ကုတင်မရှိပဲ ကြမ်းပြင်ပေါ်ဒီအတိုင်းချထားတဲ့ မွေ့ယာထူထူပေါ်မှာ ပက်လက်ကလေးဖြစ်နေရှာသည်။ စိုးရိမ်စွာနဲ့ အခန်းထဲပြေးဝင်လိုက်တော့ ဝတ်ထားတဲ့တီရှပ်မှာ အပေါ်ကြယ်သီးနှစ်လုံးလောက်ပြုတ်နေကာ နှုတ်ခမ်းမှာလည်း သွေးစို့နေသည်။
"လင်း... လင်း... ငါခေါ်တာကြားလား လင်း"
ပါးလေးကို ခပ်ဆက်ဆက်ပုတ်ကာ နှိုးနေပေမယ့် လင်းဆီက ဘာတုံ့ပြန်မှုမှမရှိတာကြောင့် စိုးရိမ်သွားသည်။
ဦးတို့ကလည်း သူတစ်ပြန်ကိုယ်တစ်ပြန်ချနေကြတာမို့ နှောင်းမှာ ဘာလုပ်ရမှန်းမသိ။ အရင်ဆုံး လင်းအခြေအနေကလည်း ဘာမှန်းမသိတာကြောင့် ရဲခေါ်ဖို့သာဆုံးဖြတ်ပြီး အိတ်ထဲက ဖုန်းကိုထုတ်ကာ နံပါတ်တွေနှိပ်ပြီး ဖုန်းခေါ်လိုက်သည်။
💕Linn Latt May💕
Start from the beginning
