"ချစ် အပြင်သွားမလို့လား"
လင်းလည်းဖြေချင်စိတ်မရှိတာကြောင့် မကြားဟန်ဆောင်ကာ သူတို့ထိုင်နေတဲ့ ဧည့်ခန်းကနေဖြတ်လျှောက်လာခဲ့သည်။
"ဟဲ့ လင်းရေ မောင်ထူးပိုင်မေးနေတယ် ဖြေလိုက်လေ ညည်းကလည်း"
ဒေါ်လေးကဝောာ့ ကိုထူးပိုင်နဲ့ သိပ်ကို ပနံသင့်လှသည်။ ကိုထူးပိုင်က ကုမ္ပဏီတစ်ခုက မန်နေဂျာဆိုတော့ ရေကတော့ ရှယ်ကိုဆင်းလေသည်။ ဒေါ်လေးအကြိုက်ပေါ့။ ကိုထူးပိုင်နဲ့ပြတ်ပါပြီပြောထားတာတောင် အခုထိ အိမ်မှာလက်ခံပြီး စကားပြောနေတာသာကြည့်တော့။
"အပြင်ထွက်ဖို့ပြင်နေတာကို အပြင်သွားမလို့လားဆိုတော့ လင်းကဘာဖြေရဦးမှာလဲ ဒေါ်လေး"
"လင်းရယ် ကိုတောင်းပန်ပါတယ်ကွာ... နောက် ဒီလိုမဖြစ်စေရပါဘူး ကိုကတိပေးတယ်နော်... စိတ်ဆိုးပြေပါတော့ကွာ"
လင်းဖိနပ်ထိုင်စီးနေသည့်နေရာနားမှာ လာထိုင်ပြီး ထပ်တောင်းပန်နေပြန်တဲ့ ကိုထူးပိုင်ကြောင့် လင်းစိတ်တွေတိုလာသည်။ ဒီနေ့မှပဲ ဘွတ်ဖိနပ်ကြိုးက ချည်ရခက်နေသေး။ အမြန်ချည်ပြီး လင်း မတ်တပ်ရပ်ကာ အပြင်ထွက်ဖို့ပြင်တော့ ကိုထူးပိုင်က လင်းလက်ကို လာဆွဲလေသည်။ ဘယ်လိုပဲ သမီးရည်းစားတွေဖြစ်ခဲ့ဖြစ်ခဲ့ လူကြီးတွေရှေ့မှာမို့ လင်းရှက်သွားပြီး လက်ကို ဆတ်ခနဲခါထုတ်ကာ
"ဒီမှာ ကိုထူးပိုင် ရှင်လူစကားနားမလည်ဘူးလား... ရှင့်လိုဖောက်ပြန်ချင်တိုင်းဖောက်ပြန်နေတဲ့ကောင်ကို ကျွန်မက ရူးနေလို့ပြန်တွဲရမှာလား... ကျွန်မနောက်ဆုံးသတိပေးတာ ကျွန်မနားမှာ ရှင့်ကိုလုံးဝမမြင်ချင်ဘူး... သဘောပေါက်တယ်နော် ပြန်လိုက်တော့"
"တောက်!!! လင်း ကိုစိတ်လျော့ထားတာကို မင်းရောင့်တက်မလာနဲ့"
သူ့ကို ကောင်လို့ပြောလိုက်လို့ စိတ်တိုသွားတယ်ထင်တယ်။ လင်းကို အသံခပ်ကြိတ်ကြိတ်နဲ့ နားနားကပ်ပြောလာသည်။ ဒေါ်လေးနဲ့ ဦးလေးကတော့ ဘယ်အချိန်ကတည်းက အခန်းထဲဝင်သွားလဲမသိ ဧည့်ခန်းထဲမှာ လင်းတို့နှစ်ယောက်သာရှိသည်။
💕Linn Latt May💕
Start from the beginning
