💕Linn Latt May💕

Start from the beginning
                                        

"မေမြတ်ရော့ အစ်မဆီက ပိုက်ဆံယူသွား... နေ့လည်စာကို ဝယ်စားလိုက်တော့နော်... ပန်းကန်တွေထားခဲ့ အစ်မပဲဆေးလိုက်မယ် နောက်ကျနေပြီမလား"

"ဟုတ် မကြီး... ကန်တော့နော်"

"ရတယ် ရတယ်သွား... ထားခဲ့လိုက်"

မေမြတ်ကတော့ ပိုက်ဆံအိတ်လေးဝယ်ကာ သုတ်ခြေတင်ပြီး ထွက်သွားပါတော့သည်။ လင်း နိုက်ဂျူတီဆင်းတဲ့နေ့တွေဆို ဒါတွေကထုံးစံလိုဖြစ်နေပြီ။ ဒေါ်လေးကလည်း စောစော မထတတ်တဲ့သူမို့ ဈေးသွားဝယ်ရင်အမြဲနောက်ကျသည်။ အပေါင်းအသင်းတွေနဲ့တွေ့ရင်ပိုဆိုး တော်တော်နဲ့ပေါ်မလာ။ မေမြတ်လည်း ပုံမှန်ဆို စောစောထပြင်ဆင်တတ်ပေမယ့် ဒီရက်ပိုင်းအလုပ်ပင်ပန်းလို့ စောစောမထနိုင်တာဖြစ်မည်။ အိမ်ရှေ့မှာ ဒေါ်လေးကိုတွေ့တာနဲ့ လင်းလည်းတွေးလက်စတွေကို ဖျောက်ကာ ဒေါ်လေးဆီက ခြင်းတောင်းကိုယူကာ ကူသယ်ပေးလိုက်သည်။

"အမယ်လေး ကုန်ဈေးနှုန်းတွေကလည်း တက်လိုက်တာနော်... အတက်ပဲရှိတယ် ပြန်ကျသွားတယ်ဆိုတာကို မရှိဘူး... တစ်နေ့တစ်နေ့ ရှိတဲ့ဈေးဖိုးနဲ့လောက်အောင် ဘယ်လိုဝယ်ရမလဲဆိုတာနဲ့တင် ခေါင်းတွေမူးရတယ်... ဟဲ့ လင်း ငါ့ကို ရေတစ်ခွက်ယူလာခဲ့စမ်းပါဦး"

ကုန်ဈေးနှုန်းတက်တာကို အမြဲညည်းလို့မဆုံးဖြစ်နေတဲ့ ဒေါ်လေးစကားတွေကို လျစ်လျုရှုကာ သောက်ရေတစ်ခွက်ခပ်ပြီး ဒေါ်လေးကိုကမ်းပေးလိုက်သည်။

ကုန်ဈေးနှုန်းတက်တယ်ဆိုပြီး ဒေါ်လေးဘယ်ခြေလှမ်းလှမ်းနေလဲဆိုတာ လင်းလည်းရိပ်မိသည်။ ဈေးဖိုးပိုတောင်းရင်း ချဲထိုးဖို့ပိုက်ဆံလိုချင်တာဖြစ်သည်။ ‌လင်းလည်း မသိချင်ယောင်ဆောင်ပြီး ဟင်းချက်ဖို့ပြင်ကာ ဈေးခြင်းတောင်းကိုကြည့်လိုက်တော့ ကြက်သားတစ်ထုတ်နဲ့ ကန်စွန်းရွက်တစ်စည်းရယ်သာ။ လင်းက လစာထုတ်ရက်လကုန်တာနဲ့ တစ်လစာ ဆန်ဆီကြက်သွန် အကုန်ဝယ်ထားတာမို့ တစ်နေ့စာချက်ဖို့အသားငါးအရွက်တွေသာ ဒေါ်လေးက ဝယ်ရတာပင်။ ဒါကြောင့် တစ်နေ့ဈေးဖိုး ၅ထောင်ပေးတာမလောက်စရာမကြောင်းမရှိ။ ပြောလည်း ကျေးဇူးမသိတတ်ဘူးဆိုတဲ့ ခေါင်းစဉ်တွေတပ်ကာ ပြောမဆုံးဖြစ်တော့မှာမို့ ချက်စရာရှိတာချက်ပြီး အိပ်မနေတော့ဘဲ ရေမိုးချိုးပြီး နှောင်းနဲ့အပြင်သွားဖို့ ပြင်ဆင်နေလိုက်သည်။ ပြင်ဆင်လို့ပြီးတာနဲ့ အောက်ဆင်းလာတော့ အောက်မှာဒေါ်လေးနဲ့စကားပြောနေတဲ့ ကိုထူးပိုင်ကိုတွေ့ပြီး မျက်နှာက တည်တင်းသွားသည်။ ဘာလာလုပ်ပြန်တာလဲ ဒီလူကတော့။ လင်းဆင်းလာတာတွေ့တာနဲ့ ကိုထူးပိုင်က မတ်တပ်ရပ်ကာ

💕 Feeling of Love 💕 (Unicode Ver)Where stories live. Discover now