💕Linn Latt May💕

Start from the beginning
                                        

လင်းအကြောင်းပြောရမယ်ဆိုရင် လင်းက အသက်၁၄နှစ်ထိ ဘိုကလေးမှာနေခဲ့တာဖြစ်ပြီး နာဂစ်ဖြစ်တော့ မိဘတွေဆုံးပါးသွားတာနဲ့ မေမေ့မောင်ဖြစ်သူ ဦးလေးရဲကျော်က တစ်ယောက်တည်းဖြစ်‌နေရှာတဲ့တူမ လင်းကို ရန်ကုန်ကိုခေါ်လာခဲ့ခြင်းသာ။ လင်းရဲ့မိဘတွေရော ဦးလေးရောက အချမ်းသာကြီးမဟုတ်ရင်တောင် နေနိုင်စားနိုင်အဆင့်ဆိုပေမယ့် နာဂစ်ဖြစ်တော့ လင်းတို့မိသားစုပိုင်တဲ့လယ်၂ဧကကလည်း ဆုံးရှုံးသွားသလို လင်းရန်ကုန်ရောက်ပြီး သိပ်မကြာခင်ပဲ ဦးလေးလည်း အောက်ခြေနည်းနည်းလွတ်ကာ အရင်ကျေးကျွန်ဖြစ်သွားတာကြောင့် စီးပွားရေးက ထိုးကျသွားလေသည်။ ဆေးကုသစရိတ်တွေ ကလေးစရိတ်တွေကြောင့် ရှိတဲ့အိမ်လေးကို ရောင်းပြီးဖြေရှင်းခဲ့ရတာကြောင့် အခုလက်ရှိကတော့ အိမ်ငှားဘဝရယ်သာ။ ဒေါ်လေးက ဒီရပ်ကွက်ထဲမှာ အရင်ကတည်းကနေလာသူမို့ မပြောင်းချင်ဟုဆိုကာ အိမ်ငှားခတွေ ဈေးကြီးပေမယ့်လည်း ဒီမှာပဲ မရမကငှားကာနေသည်။

လေးလေးတို့မှာ သားသမီး၃ယောက်ရှိပြီး အကြီးဆုံးသားရဲခေါင်က ‌လင်းထက်၃နှစ်‌ငယ်ကာ ကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်သည်။ ရတဲ့လစာအိမ်အပ်တယ်ဆိုပေမယ့် အပ်တာနဲ့သူပြန်တောင်းတာက မကာမိ။ အလတ်ဖြစ်တဲ့ မေမြတ်မွန်က ဆယ်တန်း၃ခါကျပြီး မဖြေတော့ဟုဆိုကာ ယုဇနပလာဇာက ဆိုင်ခန်းတစ်ခုမှ အလုပ်လုပ်သည်။ ဆိုင်ဆိုတော့လည်း ၈နာရီလောက်အရောက်သွားရတာမို့ ၇နာရီခွဲလောက်နောက်ဆုံးထားအိမ်ကထွက်မှ အချိန်ကိုက်ရောက်မှာဖြစ်သည်။ တော်သေးတယ် အိမ်နဲ့က သိပ်မဝေးလို့။ အငယ်ဆုံးဖြစ်တဲ့ မေမြတ်ဟန်လေးကတော့ အခု၉တန်းတက်နေတာမို့ ကလေးသာသာရယ်။ ဒါကြောင့် အိမ်မှာ လေးလေးရဲ့ မဖြစ်စလောက်ဆေးပင်စင်ရယ်၊ မေမြတ်ရဲ့အရောင်းစာရေးလစာ ၂သိန်းဝန်းကျင်ရယ်၊ လင်းရဲ့လစာရယ်နဲ့ မနည်းခြစ်ကုပ်သုံးစွဲနေရသည်။ အိမ်လခ၊ လေးလေးဆေးဖိုး၊ အငယ်လေးရဲ့ကျူရှင်စရိတ် ဒီကြားထဲ ချဲထိုးတတ်တဲ့ဒေါ်လေးအတွက်က ကျန်သေးသည်။

ဈေးသွားဝယ်နေတဲ့ဒေါ်လေးကိုစောင့်ရင်း နာရီကြည့်တော့ မေမြတ်ကအလုပ်သွားရတော့မှာ ခုထိချက်စရာသွားဝယ်တဲ့သူကမလာသေး။ မေမြတ်က ထမင်းချိုင့်ထည့်ရတဲ့သူမို့ ခုထိ ဟင်းရော ထမင်းရောမရသေးတော့ ငိုမဲ့မဲ့ဖြစ်နေပြီ။ မထူးတဲ့အဆုံး လင်းကပဲ

💕 Feeling of Love 💕 (Unicode Ver)Where stories live. Discover now