"ရတယ် မလိုပါဘူး"
အခန်းတွင်းလေထုက အေးစက်သွားသလိုပင်။ ဦးက နှောင်းဘက်ကိုပြန်ကြည့်ကာ
"ငါတို့ဆေးသွားထည့်ရအောင် နှောင်း"
ရောင်နီပြောမှ လင်းလည်း ဆေးထည့်ဖို့သတိရကာ
"ဟုတ်သားပဲ နှောင်း လက်ကဒဏ်ရာကကြီးတယ်နော် ဆေးသေချာသွားထည့်လိုက်ဦး"
"အေးပါ ဒါဆိုငါတို့သွားမယ်... မိုးသောက်က လင်းကိုစောင့်နေပေးနော်"
"ဟုတ် အစ်မနှောင်း... ဒါနဲ့ အမေကဖုန်းခေါ်နေတာ ၃ခါရှိပြီ... သားဘာပြောလိုက်ရမလဲ"
မိုးသောက်ရဲ့အပြောကို ဦးနဲ့နှောင်း တစ်ယောက်မျက်နှာတစ်ယောက်ပြန်ကြည့်ရင်း ဦးကပဲ
"ဒီဒဏ်ရာတွေနဲ့က မပြောလည်း သိမှာပဲဆိုတော့ ပြောပြထားလိုက်တာကောင်းပါတယ်... ညတွင်းချင်းတော့ မလိုက်လာခိုင်းနဲ့ မနက်ဖြန်မှလာလို့ပြောထားလိုက်"
"ဟုတ်ကိုကြီး"
ရောင်နီက ထော့နဲ့ထော့နဲ့ဖြစ်နေတဲ့နှောင်းကို တွဲကာ ဆေးထည့်ဖို့အခန်းထဲက ထွက်လာလိုက်သည်။
မိုးသောက်လည်း ကိုကြီးတို့ထွက်သွားတာနဲ့ အမေ့ဆီ ဖုန်းဆက်ဖို့ပြင်ပေမယ့် ဖြစ်ကြောင်းကုန်စဉ်ပြောပြတဲ့အခါ အခန်းထဲမှာရှိနေတဲ့ အစ်မလင်းကို အားနာတာကြောင့်
"အစ်မလင်း သား အမေတို့နဲ့ဖုန်းပြောလိုက်ဦးမယ်... အပြင်မှာရှိနေမယ်သိလား... တစ်ခုခုဆို လှမ်းသာခေါ်လိုက်နော်"
"အေးအေး မိုးသောက် ကျေးဇူးပဲ"
မိုးသောက်က လင်းကို ဖြူစင်တဲ့အပြုံးလေး ပြုံးပြကာ အခန်းထဲက ထွက်သွားသည်။ အခန်းထဲမှာ လင်းတစ်ယောက်တည်း ကျန်ခဲ့တော့မှ ထိန်းထားတဲ့မျက်ရည်တွေက တာကျိုးသလို ကျလာသည်။ တစ်ခါမှမကြုံဖူး မစဉ်းစားဖူးတဲ့ ကိစ္စမျိုး ကိုယ်တိုင်ကြုံတွေ့ဖို့ နည်းနည်းပဲလိုတော့တာပါလား။ တွေးမိတိုင်း အသားတွေတဆက်ဆက်တုန်ကာ ကြောက်နေပေမယ့် သူငယ်ချင်းတွေကို မပြောပြဖြစ်။ ရင်မဖွင့်ဖြစ်။ ခုတောင် လင်းကြောင့် ဒဏ်ရာဒဏ်ချက်အပြည့်နဲ့ဖြစ်နေတဲ့သူတွေမလား။
💕Linn Latt May💕
Start from the beginning
