"ကျွန်မ ဗိုက်ကိုထိုးပါတယ်... နောက်ပြီး ဘာဆေးလဲမသိဘူး ဆေးထိုးအပ်နဲ့ထိုးလိုက်ပါတယ်... အဲ့နောက်ပိုင်း ကျွန်မဘာမှမသိတော့ပါဘူး"
လင်းပြောသမျှကို ရှေ့မှာရဲက ခေါင်းတညိမ့်ညိမ့်နဲ့နားထောင်နေပြီး စာအုပ်ထဲချမှတ်နေသည်။
"မလင်းလက်မေ အနေနဲ့ ဒီအမှုကိုဘယ်လိုလုပ်ချင်လဲ... ဒီက ကိုရောင်နီဦးနဲ့ မနှောင်းရိပ်ငယ်ကတော့ အမှုဖွင့်တရားစွဲဖို့ စွဲချက်တင်ထားပါတယ်"
လင်း သူငယ်ချင်းနှစ်ယောက်ကို ဖျတ်ခနဲမျက်လုံးလှန်ကြည့်လိုက်ရင်း
"ကျွန်မလည်း အမှုဖွင့်ချင်ပါတယ်... ဒီကရဲအရာရှိတို့ကပဲ တာဝန်ရှိသလို ဆောင်ရွက်ပေးကြပါရှင့်"
"ဟုတ်ကဲ့ပါ ဒါဆို ကျွန်တော့်ကိုခွင့်ပြုပါဦး... အေးအေးဆေးဆေးအနားယူပါ"
"ဟုတ်ကဲ့ပါ"
ထိုရဲအရာရှိက လင်းအခန်းထဲကထွက်သွားတာနဲ့ နှောင်းက မျက်ရည်တွေအဝဲသားနဲ့ လင်းလှဲနေတဲ့ကုတင်ဘေးရှိ ခုံလေးမှာထိုင်ကာ
"အရမ်းနာနေလားလင်း... ခေါင်းတွေရော မူးနေသေးလား"
"ဟင့်အင်း ငါအဆင်ပြေပါတယ်... ငါ့ကြောင့်နဲ့ နင်တို့တွေ ဒုက္ခများကုန်ပြီ... ငါတောင်းပန်ပါတယ်ဟာ"
"မလိုပါဘူး... နင်ခုလို ငါ့မျက်စိရှေ့ရှိနေတာနဲ့တင် ငါတို့အတွက် အဆင်ပြေတယ်"
နှောင်းလည်း လင်းရဲ့လက်တစ်ဖက်ကို အုပ်ကိုင်ထားရင်း ပြုံးပြလိုက်သည်။
"အဟမ်း"
လူနာတင်ခြေရင်းမှာ မတ်တပ်ရပ်နေတဲ့ ဦးက ချောင်းသံပေးတာကြောင့် နှောင်းကြည့်လိုက်ပြီး
"ဟဲ့ ဦး နင်လည်းတစ်ခုခုတော့ပြောဦးလေ... အဲ့မှာပါးစပ်ကြီးပိတ်ပြီးရပ်နေတယ်"
"ငါက ဘာပြောရမှာလဲ"
"ဟဲ့"
"ကျေးဇူးတင်ပါတယ် ရောင်နီ... ငါ့ကိုအခုလိုကယ်ပေးလို့"
လင်းရဲ့ကျေးဇူးတင်စကားကြောင့် ရောင်နီ လင်းကို
မကြည့်ဘဲ မျက်နှာလွှဲလိုက်ကာ
💕Linn Latt May💕
Start from the beginning
