အဲ့လိုနဲ့ ကျောင်းဖွင့်ရက်ရောက်လာတဲ့အခါမှာတော့ ဘတ်ဟျွန်းဟာ အလွန်အူမြူးနေတော့တာပဲ ဘာဖြစ်လို့လဲဆိုရင် ပတ်ချန်းယောလ်ဆိုတာ ဆိုလ်းကနေ အလည်လာတဲ့ မြို့ကြီးသား မဟုတ်လား။ အဲ့တော့ သူ့နေရာ သူပြန်ဖို့ အချိန်ကျလာပြီမို့လို့လေ။ ဒီတေါအတွင်း ဘယ်လို နှောက်ယှက်ခဲ့နှောက်ယှက်ခဲ့ နောက်ဆုံးတော့ ဘတ်ဟျွန်းတို့ လွတ်လပ်တော့မယ်။  ဘတ်ဟျွန်းက ဒီနေ့အတွက် အထူးစပါယ်ရှယ်အဖြစ် နွားနို့ဘူးရယ် ဆန်းဒဝှစ်ရှ် ရယ်ပါ စေတနာတွေပိုပြီး ယူလာပေးခဲ့တာ။

"ချန်းယောလ်.."

ဉီးလေးကြီးဖွင့်ပေးတဲ့ တံခါးကနေဝင်ပြီး ချန်းယောလ်အခန်းဆီ ဘတ်ဟျွန်းဖွင့်ဝင်လိုက်တယ်။

ထူးထူးခြားခြား ချန်းယောလ်က ကျောင်းဝတ်စုံကိုလဲထားတာဖြစ်တယ်။ အဲ့တာကလဲ ဆိုလ်းကကျောင်းဝတ်စုံဖြစ်တယ်။

"အင့် ဒီမှါ မင်းမတွက် ဆန်းဒဝှစ်ရှ်ရော လက်ဆောင်ဝယ်လာတယ်။"

"ငါ ဆန်းဒဝှစ်ရှ် မစားဘူး.."

"စားကြည့်စမ်းပါ ဂျေးများမနေပဲနဲ့ ဒီလေါက်ကောင်းတဲ့ အရသာကို"

"ငါမစားပါဘူးဆိုမှ..."

"စကားမများနဲ့ စားလိုက်ရော့..
ဘယ်အချိန်သွားမှာလဲ မင်းက.."

"အခုလေ"

"ချက်ချင်းလား"

"အင်း"

"သြော် ဉီးလေးလိုက်ပို့မှာလား"

"အင်း"

ချန်းယောလ်က *အင်း* တစ်လုံးတည်းဖြေရင်း ဆန်းဒဝှစ်ရှ်ကို စားရမလား မစားရမလား ဝေခွဲနေတယ်။ ဒါကိုပဲ စိတ်မရှည်တော့တဲ့ ဘတ်ဟျွန်းက အပေါ်ပိုင်းဖောက်ပြီးသား ဆန်းဒဝှစ်ရ်ကို ချန်းယောလ်လက်ပေါ်က ထပ်ကိုင်ပြီး ပါးစပ်ထဲထိရောက်အောက် ထိုးထည့်ပေးလိုက်တယ်။ တစ်ဝက်နီးပါး ဝင်သွားတဲ့ မုန့်တွေကြောင့် ချန်းယောလ်ရဲ့ နဂိုဝိုင်းစက်နေတဲ့ မျက်ဝန်းတွေက ပိုပြူးကျယ်လာပြီး နားကားကားလေးတွေပါ ရဲတက်လာကာ ဝူးဝူးဝါးဝါးနဲ့ ဘတ်ဟျွန်းကို ဆူနေတယ်။ ဒါပေမယ့် ဘတ်ဟျွန်းက ပထမတော့ နည်းနည်းအံ့အားသင့်သွားပေမယ့် ပြီးတော့ လက်ညိုးထိုးပြီး ခွက်ထိုးခွက်လန်ရယ်တော့တာပဲ။ ဒီပုံက တကယ်ကို မှတ်တမ်းတင်ထားသင့်တဲ့ ပုံ။ မြင်ရခဲတဲ့ပုံပဲကို။ ဒါပေမယ့် တကယ်ကို ချစ်စရာ​ကောင်းနေတာလဲ ဝန်ခံရမယ်...

MINE(Completed)Where stories live. Discover now