"အင်း! အစကငါလဲ မင်းကိုသိပ်တော့ ကြည့်မရပါဘူး ဒါပေမယ့် မင်းကို မင်းစစ်နဲ့ စိတ်ချတယ် ငါ့ကောင်ကြီးကို သေချာကာကွယ်ပေး မာန်ဝဏ္ဏခြိန်း....''

"ကျုပ်သိတယ် ခင်ဗျားပြောစရာ မလိုဘူး''

"ဟား...ဟား.... အေးပါကွာ မင်းလဲငါကြောက်ပါတယ် အဲ့လောက်ပြာကျမတက် စိုက်မကြည့်နေပါနဲ့ဟ! "

"ကိုကို ဧည့်သည်တွေဖို့ အအေးလာပို့တာ''

အသံချိုချိုလေးနဲ့အတူ အအေးဗန်းကိုင်ကာ ရောက်လာတဲ့ မြူဒေါင်းစိုင်းကို ခြိန်းက တစ်အံတစ်သြနဲ့ ကြည့်နေသည် ။ ထိုကောင်လေးကလဲ ခြိန်းကိုမြင်တော့ မျက်တောင်လေးများ ကော့တက်နေအောင် မျက်လုံးလေးများ ဝိုင်းစက်သွားတော့သည် ။

"အကို မာန်''

"မြူဒေါင်း....''

"ဟုတ် အကို မတွေ့တာတောင်ကြာပြီနော်''

"ဒါပေါ့ အကိုအဲ့ဆိုင်မှာ အလုပ်မလုပ်တော့တည်းက မတွေ့ဖြစ်တော့တာဘဲလေ မြူဒေါင်းက ဒီမှာ နေတာလား''

"ဟုတ် အကိုကရော ''

စကားတွေ ဖောင်ဖွဲ့နေတဲ့ နှစ်ယောက်က ကျန်နှစ်ယောက်ရဲ့ မျက်နှာမဲမှောင်နေတာကိုတော့ သတိမပြုမိကြ ။ မင်းစစ်မှာ အခုမှ စကားများလွန်းနေတဲ့ ခြိန်းကြောင့် မျက်မှောင်တွေ ကျုံ့နေသလိုဘဲ စိုင်းမှာလည်း မင်းစစ်လိုပင် ဟိုနှစ်ယောက်ကိုကြည့်လိုက် မင်းစစ်ကို ခေါင်းမော့ပြလိုက်နဲ့ သူငယ်ချင်း နှစ်ယောက် အချက်ပြနေကြသည် ။

"အကိုမှတ်မိသေးတယ် အဲ့နေ့ကလေ မင်းကိုယ့်ကို စက်ဘီးနဲ့ ဝင်တိုက်တာ ကံကောင်းလို့ပေါ့ မဟုတ်ရင်ကိုယ့်ဂွကြားတော့ လူမျိုးတုံးတော့မှာ''

"ဘာ.....! "

"မင်းစစ် ခင်ဗျားဘာထဖြစ်တာလဲ''

"မင်းဂွကြားကို သူကစက်ဘီးနဲ့ ဝင်တိုက်တာလား!''

"ဝင်တော့ မ...မတိုက်မိပါဘူး အကိုမင်းစစ် အဲ့ချိန်တုန်းက အကိုမာန်ကရှောင်လိုက်လို့ သီသီလေးလွတ်သွားတာပါ''

"ဟူး...တော်ပါသေး''

"ဘာလဲ မင်းစစ် မင်းလူဟာစက်ဘီးစာမိရင် မင်းငတ်သွားမှာ ဆိုးလို့လား ''

𝙈𝙮 𝙝𝙪𝙨𝙗𝙖𝙣𝙙 𝙞𝙨 𝙫𝙚𝙧𝙮 𝙢𝙚𝙖𝙣 𝙩𝙤 𝙢𝙚 (Complete) Où les histoires vivent. Découvrez maintenant