10

40.8K 2.1K 32
                                    

Unicode




ညမီးရောင်စုံတောက်ပနေသည့် နေရာ ၊ မြူးကြွသောသီချင်းသံအလိုက် ခန္ဓာကိုယ်အားလှုပ်ခါ ယိမ်းနွဲ့နေတဲ့ မာန်ဝဏ္ဏခြိန်း။ ရင်အုပ်ကျယ်ကျယ် အနက်ရောင် အင်္ကျီကို ရင်ဟိုက်လို့ လုံမပျိုလေးများထံ ဆွဲဆောင်မှုကို အပိုင်ရယူထားသူဖြစ်သည် ။ မျက်စံနက်နက်တွေနဲ့ အကြည့်စူးစူးတွေက မာန်ဝဏ္ဏခြိန်း၏ ဆွဲဆောင်မှု အရှိဆုံး အားသာချက်တစ်ခုဖြစ်သည် ။ မထူမပါနဲ့ ခပ်တင်းတင်းစေ့ပိတ်ထားတဲ့ နှုတ်ခမ်းသားတွေက တစ်ချက်တစ်ချက် စွဲလမ်းစရာကောင်းလောက်အောင် ကော့တက်သွားတတ်သေးသည် ။

ဝီစကီရဲ့ အရှိန်နဲ့နည်းနည်းမြူနေတဲ့ ခြိန်းကလူအုပ်ကြားထဲ ထင်းကနဲပေ ။

"မာန်"

စူးရှရှအသံနဲ့အတူ လည်တိုင်ကိုလက်လာတင်တဲ့ မိန်းမ ပျိုလေးက သုဝဒီဖြစ်၏ ။

"ဒီနေ့ မာန်နောက်ကျတယ်နော်"

"အင်း နည်းနည်း "

"မူးနေပြီလားဟင် မာန်"

ရိသဲ့သဲ့အသံနဲ့ သူမက ခြိန်းရဲ့နားနားကပ်လို့ ဆိုသည် ။ တစ်ချို့တွေအဖို့ ဒီအသံလေးနဲ့တင် ညီတော်မောင်ထောင်လာနိုင်ပေမဲ့ ထိုတစ်ချို့တွေထဲ မာန်ဝဏ္ဏခြိန်းတို့မပါပေ ။ အိမ်က ဘိုးတော်ရဲ့ ဆဲသံကမှ ပိုလို့လိုချင်စရာကောင်းနေလိမ့်မည် ။

"ကိုယ်က မူးတယ်ဆိုတာ မရှိဘူး ဝဒီ "

"တို့ကတော့ မူးနေပြီ အိမ်တောင်ပြန်နိုင်မယ် မထင်ဘူး မာန်လိုက်မပို့ချင်ဘူးလားဟင်"

"ကိုယ်ကြည့်ရသလောက်တော့ မင်းမမူးသေးပါဘူး"

"အိုကွာ... မာန်ကသိပ်သွေးအေးနေတော့တာဘဲ မိန်းကလေးတစ်ယောက်ထဲ ပြန်ရင် အန္တရယ်ရှိတာ မာန်က ပစ်ထားရက်လို့လား"

"ကိုယ့်သူငယ်ချင်းတွေနဲ့မှ တူတူပြန်ရအောင်"

"တို့အခုမူးနေပြီ ပြန်ချင်နေပြီ လိုက်ပို့ပါကွာနော်"

𝙈𝙮 𝙝𝙪𝙨𝙗𝙖𝙣𝙙 𝙞𝙨 𝙫𝙚𝙧𝙮 𝙢𝙚𝙖𝙣 𝙩𝙤 𝙢𝙚 (Complete) Onde histórias criam vida. Descubra agora