ကျေးဇူးတင်လွှာ /ေက်းဇူးတင္လႊာ

11.1K 572 39
                                    

Unicode



ဆူးနန်းအနေနဲ့ fiction ကိုဇာတ်သိမ်းလိုက်ရတာ စိတ်မကောင်းပါဘူး ဖတ်လို့မဝဘူးပြောနေကြတဲ့ သူလေးတွေ ရှိနေတော့လေ ။ ပထမဦးဆုံး မာန်ဝဏ္ဏခြိန်းဆိုတဲ့ ကောင်လေးကို ဖန်တီးမဖြစ်ခင်က မိုးဝနခြိန်း ဆိုပြီး ပေးခဲ့တာပါ အဓိပ္ပာယ်က မိုးခြိမ်းသံကို သဘောကျမိတဲ့အတွက် ''ခြိမ်း'' ဆိုတာထက် ''ခြိန်း'' ဆိုတာကို ပိုသဘောကျမိခဲ့ပါတယ် ။

နောက်တော့ ဖတ်မဲ့သူကမရှိတော့ စိတ်ဓာတ်ကျပြီး unပစ်ခဲ့ပါတယ် ။ ဒါပေမဲ့ ဝါသနာက မေ့ထားလို့မရခဲ့ဘူးလေ အဲ့ကနေဒီထက် ပိုကြိုးစားနိုင်ဖို့ မာန်ဝဏ္ဏခြိန်းအဖြစ် လူဆိုးလေးကို ဖန်တီးနိုင်ခဲ့ပါပြီ

ပထမဆုံး ခြေလှမ်းကိုလဲ အဆုံးသတ်နိုင်ခဲ့ပြီ ။ စာဖတ်သူတို့အနေနဲ့ ဇာတ်သိမ်းပိုင်းကို ဘယ်လိုနေလဲမသိပေမဲ့ ဆူးနန်းကတော့ အားရကျေနပ်မှု မရခဲ့ပါဘူး ။ ဇာတ်သိမ်းပိုင်းတင်မဟုတ်ဘဲ fiction တစ်ခုလုံးကို ဆူးနန်းစိတ်ကျေနပ်မှု မရှိခဲ့သေးဘူး ဆားမပါတဲ့ ဟင်းတစ်ခွက်လို့ဘဲ ကိုယ့်ကိုယ်ကိုယ် အားမလိုအားမရ ဖြစ်နေတုန်းပါဘဲ ။

ခြိန်းတို့ကို သဘောကျတဲ့သူလဲ ရှိခဲ့သလို ၊ စိတ်ပျက်သွားတဲ့သူလဲ ရှိခဲ့ပါလိမ့်မယ် ။ အမှန်လဲ ရှိခဲ့ပါတယ် ဝေဖန်မှုအမျိုးမျိုးကြားထဲကမှ ပြီးအောင်လုပ်နိုင်ခဲ့တာတစ်ခုကိုတော့ ကိုယ့်ကိုယ်ကိုယ် ကျေနပ်မိပါတယ် ။

ဝေဖန်ပေးတဲ့သူများကို အရင်ဆုံး ဆူးနန်းကျေးဇူးတင်ပါရစေ အဲ့ဝေဖန်မှုတစ်ခုစီကြောင့် ဆူးနန်းကိုယ်ဆူးနန်း အများကြီး ကြိုးစားလာခဲ့မိတာပါ ။ နောက်ပြီး စာဖတ်သူတစ်ဦးချင်းစီတိုင်းကိုလဲ အများကြီး ကျေးဇူးတင်ပါတယ် တစ်လျှောက်လုံး စိတ်ခွန်အားတွေ အများကြီးပဲ ပေးခဲ့ကြတာ ပင်ပန်းသွားကြပြီ ။

ဒီ fiction လေးက လူ၆ယောက်ကနေ စခဲ့တာလေးပါ အခုတော့ ဒီလောက်ထိသဘောကျပေးတာနဲ့တင် ကြည်နူးရပါတယ် ။ စာဖတ်သူတွေနဲ့လဲ fbမှာ သူငယ်ချင်းတွေ ဖြစ်ခွင့်ရခဲ့တယ် တကယ် အမှတ်တရလေးပါ ။

နောက်ficအသစ်တွေရေးဖို့ ရှိပေမဲ့ ဆူးနန်းကျန်းမာရေး သိပ်အဆင်မပြေပါဘူး ဒါကြောင့် ခဏတော့ အနားယူပြီး ပြန်လာခဲ့ပါအုံးမယ် ဆက်ရှိနေပေးကြဖို့လဲ ဆူးနန်းမျှော်လင့်ပါတယ်ရှင့်  ။

𝙈𝙮 𝙝𝙪𝙨𝙗𝙖𝙣𝙙 𝙞𝙨 𝙫𝙚𝙧𝙮 𝙢𝙚𝙖𝙣 𝙩𝙤 𝙢𝙚 (Complete) Where stories live. Discover now