41

27.2K 1.4K 48
                                    

Unicode





ခြိန်းထွက်သွားတာ အခုဆို ၅လတောင်ကြာခဲ့ပြီ မင်းစစ်ကိုယ်တိုင်လည်း အရက်သမားလုံးလုံးဖြစ်နေခဲ့ပြီ ။ နေ့စဥ်နဲ့အမျှ လွမ်းတယ်ဆိုကာ အရက်ကိုသာမှီဝဲနေသော မင်းစစ်ကြောင့် စိုင်းတကယ်ရူးချင်လာသည် ။ အမြဲဘားဘဲထိုင်နေတာကြောင့် အခုသူအိမ်ကိုခေါ်ထားရတော့သည် ။ မာန်ဝဏ္ဏခြိန်း၏ သတင်းမှာလည်းဘာအစအနမှတောင် ရှာမတွေ့သေးပေ ။ ကြာရင်မင်းစစ်တော့ အရက်နဲ့အသက်တိုတော့မည် ။ အချစ်ရူးတွေများ သိပ်သနားဖို့ကောင်းတာဘဲ ။

"မင်းစစ်! မင်းကိုငါမပြောချင်လို့ ကြည့်နေတာ တော်တော့! ဟဟျောင့်''

"ဘာလဲ ဘာဖြစ်လို့လဲ ငါ့ကိုအပြစ်ပေးနေတာ အစ်! ဒါမှ ဟင့်! ငါ့ရဲ့ခြိန်းက ငါ့ကိုသနားပြီးပြန်လာမှာကွ!''

"မင်းစစ်ရာ......ကိုယ့်စီမနေချင်လို့ ထွက်သွားတဲ့ကောင်အတွက်နဲ့ကွာ!''

"ငါ့ ငါ့အမှားတွေပါ ဒါပေမဲ့ သူပေးတဲ့အပြစ်ကြီးက အစ်! သိပ်ရက်စက်တယ် စိုင်းရာ!''

ထားခဲ့တဲ့သူထက် ကျန်ခဲ့ရတဲ့သူက ပိုခံစားရပါသည်တဲ့ မင်းစစ်ကိုကြည့်ရျ် စိုင်းထိုစကားကိုဘဲ ယုံရတော့မလိုကို ရှိနေပြီ ။ မင်းစစ်၏ရုပ်လည်း အတော်လေးအိုစာနေလေပြီ အရက်နှံ့တွေစွဲနေတဲ့ ကိုယ်က အချိန်ပြည့်အရက်ခွက်ထဲနှစ်ထားမှန်း သိသာလွန်းနေ၏ ။

"ကိုကိုရေ....''

"ဟင်.....ညီ ဘာဖြစ်တာလဲ ''

"ကျွန်တော် ကိုကို့စီလာတာ ကိုကိုကဖုန်းဆက်တာလဲ မကိုင်ဘူး ''

"ဒီမှာလေ ညီရယ် ဒီကောင်ကြီးမူးရူးနေလို့ပေါ့ကွာ''

"ဟာ....ကိုမင်းစစ် ဘယ်လိုဖြစ်တာလဲဗျာ!''

"ထားပါ...ညီက ဒီကိုဘာအရေးကြီးလို့လာတာလဲ''

ညီက သူ့အနားကိုကပ်လာလိုက်ပြီး ခါးကိုတင်းတင်းကြပ်ကြပ်ဖက်ကာ ပါးကိုရွတ်ကနဲမြည်အောင်နမ်းလာပြန်သည် ။ ဘေးနားက မင်းစစ်ရှိနေတာတောင် အတင့်ရဲနေတဲ့ကောင်လေးက ချစ်သူဖြစ်တာကြာလေလေ ဆိုးလေလေပင် ။

"ဒီနေ့က ကိုကိုနဲ့ကျွန်တော် ချစ်သူဖြစ်တာ ၅လပြည့်ပြီလေဗျာ ကိုကိုကမမှတ်မိတော့ဘူးလား''

𝙈𝙮 𝙝𝙪𝙨𝙗𝙖𝙣𝙙 𝙞𝙨 𝙫𝙚𝙧𝙮 𝙢𝙚𝙖𝙣 𝙩𝙤 𝙢𝙚 (Complete) Where stories live. Discover now