45

34.9K 1.6K 81
                                    

Unicode





အလင်းရောင်ခပ်သဲ့သဲ့သာ ရှိသော အလုံပိတ်အခန်းငယ်ထဲတွင် ဒူးနှစ်ဖက်အားပိုက်ကာ ငိုကြွေးနေသော မင်းစစ် ။ ဝမ်းနည်းအားငယ်မှုများကို တစ်ယောက်ထဲ လက်ခံယူရင်း ခြိန်းအား လွမ်းဆွတ်တမ်းတမိသလို နာကျည်းပစ်ချင်စိတ်ကိုပါ အနိုင်ယူနေသော ချစ်စိတ်အား ခွင့်မလွတ်နိုင်အောင် ဖြစ်နေမိသည် ။ မိုးစက် သဏ္ဍန်ရှိသော မျက်ရည်လုံးလေးများ လိမ့်ဆင်းရျ် မင်းစစ်ခံစားချက်များ အဆိုးဘက်မှာ ရှိနေခဲ့သည်။

ဘာကြောင့်များ စကားတွေနဲ့ လူကိုသတ်သလည်း ခြိန်း ၊ ငါ့စကားတစ်ခွန်းက မင်းအတွက်အဲ့လောက်တောင် ထိရောက်သွားစေသလား

မုန်းတယ် ပြောမိတယ် သို့သော် အမုန်းစကားတွေနဲ့ဆန့်ကျင်စွာ အရူးအမူးချစ်ခဲ့မိပြန်တယ် ၊

ခန္ဓာကိုယ်ကို ကုပ်ဖဲ့ရင်း နှုတ်ခမ်းညိုကို တင်းတင်းဖိကိုက်ကာ ငိုနေခဲ့သည် ။ မင်းစစ်၏ ကျန်းမာရေးအခြေအနေမှာ လွန်စွာဆိုးဝါးခဲ့ရ၏ ၊ အရက်ဒဏ်နဲ့အတူ အစားအသောက်ပျက်ရျ် အာဟာရချို့တဲ့မှုဒဏ်ကိုပါ အလူးအလဲခံစားခဲ့ရရှာသည် ။

ဆေးရုံမှာ ရက်လရှည်ကြာအထိ ဝေဒနါအား ကုသခဲ့ရပြီး ယခုချိန်ထိလည်း အလုံးအရင်းပြန်ကောင်းလာခြင်းမရှိသေး ၊ အနည်းနှင့်အများတော့ အရက်ကြောင်ကြောင်နေတတ်သည်မို့ စိုင်းကသာ အမြဲထိန်းနေခဲ့ရ၏ ။

ချစ်တယ် ခြိန်း ၊ ငါမင်းကို သိပ်ချစ်တယ် ဒါပေမဲ့ ငါမင်းစီထပ်မလာရဲတော့ဘူး ခြိန်းရယ် ငါလေ ငါမင်းရဲ့ စကားလုံးတွေကို နားထောင်ပေးဖို့အတွက် ငါ့မှာ ခံနိုင်ရည်မရှိဘူး ။ ငါထွက်ပြေးချင်မိတယ် ဒါပေမဲ့လည်း ငါသိနေတယ် ခြိန်း! ငါလွတ်မြောက်နိုင်မှာ မဟုတ်ဘူး ဒါဟာ ငါမင်းကို သိပ်ချစ်မိနေလို့ဘဲ ။

ငါ့ကို စကားလုံးတွေနဲ့ ထပ်မနှိပ်စက်ပါနဲ့ ခြိန်းရယ်....

မျက်ရည်များ မျက်ဝန်းထဲက အိုင်ထွန်းနေခဲ့ပြီး အရူးတစ်ယောက်လို အမှောင်ခန်းထဲတွင် အော်ငိုနေမိ၏ ။ စိတ်ငြိမ်ဆေးတွေ သောက်ထားပေမဲ့လည်း တစ်ကိုယ်လုံးတုန်ချိနေခဲ့သည် ။ မင်းစစ်ခဗျာ ဆေးစွဲမလိုတောင်ဖြစ်ခဲ့သေး၏ ။ စိုင်း၏ မှောင်ခိုဘိန်းတစ်ချို့အား မင်းစစ်ရယူရျ် ကိုယ့်ကိုယ်ကိုယ် လမ်းမှားပို့မည့်စဲစဲ စိုင်းကမိသွားပြီး မင်းစစ်အား အော်ငေါက်ဆူပူနေခဲ့သည် ။ မင်းစစ်ကို ဘိန်းရောင်းတဲ့သူကိုပါ စိုင်းက အပြစ်ပေးခဲ့သေး၏ ။

𝙈𝙮 𝙝𝙪𝙨𝙗𝙖𝙣𝙙 𝙞𝙨 𝙫𝙚𝙧𝙮 𝙢𝙚𝙖𝙣 𝙩𝙤 𝙢𝙚 (Complete) Where stories live. Discover now