သားနဲ့အတူကစားကွင်းသွားဖို့စားစရာလေးတွေထုတ်ပိုးနေတုန်းမှာဘဲသူ့ရဲ့နောက်ကျောကနေသိုင်းဖက်လို့ရင်ခွင်ထဲဆွဲသွင်းလိုက်တဲ့သူကြောင့်သူလန့်သွားရသည်...

”အမလေး...ရိပေါ်.ဘာလုပ်တာလဲ...ဖယ်ပါ..”

”ခဏလေးပါရှောင်းရာ...ရှောင်းကကိုယ့်ကိုဒီတိုင်းဆိုအကပ်မှမခံတာကိုယ်ပြန်ရောက်တာဖြင့်တစ်လလောက်ရှိနေပြီကို...”

”ဖယ်ပါရိပေါ်..သားမြင်သွားရင်မကောင်းဘူးလေ...”

ရှောင်းကျန့်ပြောလည်းပြောရိပေါ်ရဲ့ရင်ခွင်ထဲကရုန်းထွက်နေမိသည်...ဘယ်လောက်ဘဲထိုလူကဝမ်ရိပေါ်ဆိုတဲ့သူ့ယောက်ျားဆိုတာသိနေရင်တောင်မှသူဒီလူကိုမရင်းနှီးသလိုခံစားနေရသည်.....

”ရှောင်းရာကိုယ့်ကိုလည်းသနားပါဦး..ကိုယ်ကရှောင်းရဲ့ယောက်ျားလေ..အရင်တုန်းကလည်းရှောင်းရဲ့အနားမှာဒီလိုမနေခဲ့ရဘူး...အခုပြန်ရောက်လာတော့လည်းရှောင်းကကိုယ့်ကိုရှောင်နေသလိုဘဲ...…”

ရိပေါ်ရဲ့အပြောကမှန်နေတာကြောင့်သူရုန်းနေရာမှငြိမ်သွားမိသည်...ဒါပေမဲ့လည်းဒီလိုမီးဖိုချောင်ထဲမှာဒီလိုအပြုအမူကသိပ်မသင့်တော်တာကြောင့်ချော့ပြောဖို့ဘဲပြင်ရသည်...

”ငါနားလည်ပါတယ်ရိပေါ်..ဒါပေမဲ့ဒါကလူမြင်ကွင်းကြီးလေတစ်ယောက်ယောက်ဝင်လာလို့မြင်သွားရင်မကောင်းဘူးလေ...အဲ့ဒါကြောင့်ပါ....”

သူပြောလိုက်တော့ရိပေါ်ကတစ်ချက်စဥ်းစားသလိုပြုလိုက်ပြီးသူ့ရဲ့လည်ပင်းကိုတစ်ချက်နမ်းရှိုက်လို့လွှတ်ပေးလာသည်....

”ကောင်းပြီလေရှောင်းကိုယ်အခုတော့ရှောင်းရဲ့စကားကိုနားထောင်လိုက်မယ်...ဒါပေမဲ့ရှောင်းညကျရင်တော့ကိုယ့်ကိုအလိုလိုက်ပေးရမယ်နော်...ရှောင်း..”

ပြောပြီးနားရွက်ကိုတစ်ချက်ကိုက်လိုက်သူကြောင့်ရှောင်းကျန့်စိတ်ထဲတစ်မျိုးဖြစ်သွားမိသည်....မနှစ်မြို့သလိုခံစားချက်ကြီး....

”ပါးပါးရေ....”

ရှောင်းကျန့်အတွေးလွန်မိတုန်းမှာဘဲသားရဲ့အသံကိုကြားလိုက်ရတာကြောင့်သူ့ကိုဖက်ထားသူရဲ့ရင်ဘတ်ကိုတွန်းလိုက်ပြီးပြန်ထူးလိုက်သည်...

Other Side Of Love  (Complete)Where stories live. Discover now