'... မင်းတစ်ယောက်တည်း သေဖို့လုပ်နေတာ အသိသာကြီး!'

ဝမ်ရှောင်းမျယ်က ဝမ်ဖုန်းကျင်ရဲ့အကျီကို အားနဲ့ဆွဲထားဖို့လုပ်ပေးမယ့် မျက်လုံးကို ဆက်ပြီးဖွင့်ထားနိုင်ဖို့တောင် အားမရှိဖြစ်နေတယ်။ ဝမ်ဖုန်းကျင်က သူ့ကို ပွေ့ထားပြီး ပြောလိုက်တယ် "ရှစ်ရှုန်း အသက်ရှင်နိုင်မယ်ဆိုသရွေ့ ကျွန်တော် ဘာမဆိုလုပ်နိုင်တယ်..."

'မရဘူး!' ဝမ်ရှောင်းမျယ် နောက်ဆုံးသောအင်အားနဲ့ ခေါင်းကို အသာလေးယမ်းရုံသာ တတ်နိုင်တယ်။ သူ့ရဲ့အာရုံ ပြေလျော့လာတာနဲ့အမျှ ပါးပြင်ပေါ် မျက်ရည်တွေ လိမ့်ဆင်းကျလာတယ်။ အင်အားမဲ့မှုကို ခံစားရင်း နောက်ဆုံးမှာ မျက်လုံးကို မှိတ်ချလိုက်တယ်။

သို့ပေမယ့် သူတို့နှစ်ယောက်စလုံး မှားသွားခဲ့ကြတယ်။ ထိုနေ့မှာ နှစ်ယောက်လုံး ကျောင်းတော်ကြီးဆီက ဘာအကူအညီမှ မရခဲ့ဘူး။

ကောင်လေးက အကူအညီသွားခေါ်ခဲ့ပေမယ့် သူခေါ်လိုက်တဲ့လူက ဌာနမှူးဖြစ်နေခဲ့တယ်။ သူက ဝမ်ဖုန်းကျင်နဲ့ သူတစ်ချိန်က မျက်နှာသာပေးခဲ့ဖူးတဲ့ တပည့်ကို စာနာမှုကင်းမဲ့စွာ ကြည့်လိုက်တယ်။

"ငါ အရင်က ပြောခဲ့ပြီးသား၊ မင်း ဒီတံခါးကို ထွက်သွားပြီဆိုတာနဲ့ ငါ့ရဲ့တပည့်မဟုတ်တော့ဘူးလို့!"

ဖွင့်ထားတဲ့တံခါးကြီး နောက်တစ်ကြိမ် ပြန်ပိတ်လာတော့တယ်။ ဝမ်ဖုန်းကျင် ပေါက်ကွဲသွားပြီး တံခါးကို လက်သီးဆုပ်တွေနဲ့ ထုနှက်လိုက်တယ်။ တစ်ချက်ချင်းစီတိုင်းက တံခါးမှာ သွေးရာကျန်ရစ်စေတယ်။

"သူ့ကို ကယ်ပေး! သူက ခင်ဗျားတို့ရဲ့ရှစ်ရှုန်း မဟုတ်ဘူးလား?! သူ့ကို ကယ်ပေးပါ၊ တောင်းဆိုပါတယ်..."

ဝမ်ဖုန်းကျင် ပိတ်နေတဲ့တံခါးကို ကယ်ရာမဲ့စွာကြည့်ရင်း ဒူးထောက်ကျသွားတယ်...

"သူ့ကို ကယ်ပေးပါ"

ခံ့ညားလှတဲ့ဦးခေါင်းက ရွံ့မြေကို ထိသွားတဲ့အခါ တံခါးကလည်း (ပိတ်နေရာက) ရပ်သွားတယ်။

ဌာနမှူးရဲ့ နှုတ်ခမ်းထောင့်စွန်းက ဖြေးဖြေးချင်း ကော့တက်လာတယ်။ သူ့နောက်မှာရှိနေတဲ့ကောင်လေးက ဆက်ပြီး ကြည့်မနေနိုင်တော့ဘူး။

ခေါင်းတလားကြီးထဲမှာ မင်းနဲ့ငါ [ဘာသာပြန်]Where stories live. Discover now