Part (1) Uni/Zawgyi

Start from the beginning
                                    

"ဟင်..မမ အခုထိမပြန်ရသေးဘူးလား "

သူမရဲ့အလုပ်ခန်းထဲသို့ဝင်လာသော ဝန်ထမ်းမလေးကအလျှင်စလိုနဲ့မေးလာသည်။ ခင်သက်တင်လည်း တံခါးပေါက်ကိုလှမ်းကြည့်လိုက်ပြီး

"သြော်.​..နှင်းဆု ဟုတ်တယ်အစ်မ မပြန်ရသေးဘူးမနက်ကျရင်အပြီးသတ်ချင်လို့လေ နှင်းဆုကရောဘာမေ့နေခဲ့လို့လဲ"

ဒီချိန်ကြီး ဆိုင်ကိုတစ်ဖန်ပြန်လာကတည်းကဒီကောင်မလေးတစ်ခုခုမေ့နေခဲ့လို့ဆိုတာ ခင်သက်တင်သိနေသည်။ ဘာ့ကြောင့်ဆိုနှင်းဆုကဒီလိုပဲခဏခဏပစ္စည်းတွေမေ့နေခဲ့တာကြောင့် ခင်သက်တင် သူမရဲ့တပည့်မလေးအကြောင်းအလွတ်ရနေပြီဖြစ်သည်။

"ဟဲဟဲ...အားသွင်းကြိုး မမရေ ဒါနဲ့နောက်ကျနေပြီနော် ၁၂နာရီတောင်ထိုးတော့မှာ"

"အမလေး အစ်မကိုပဲပြောမနေပါနဲ့ နှင်းဆုလည်း အိမ်နဲ့ဆိုင်နဲ့ကမျက်နှာချင်းဆိုင်မို့သာတော်တော့တယ်ညကြီးသန်းခေါင်ကူးချည်သန်းချည်းနဲ့သတိထားဦး "

"ဟုတ်ကဲ့ပါ မမရဲ့ သမီးသွားတော့မယ်နော် သြော်...Happy Anniversary နော် မမ"

ကောင်မလေးက ပြန်ခါနီးဤသို့ပြောသွားလေတော့ ခင်သက်တင် သူမကိုတောင်ပြန်ပြီးမနှုက်ဆက်နိုင်ခဲ့ဘဲ ငြိမ်သွားရသည်။

စားပွဲပေါ်က Dress အတွက်လည်းအာရုံစုစည်းလို့မရတော့ဘဲ ဘယ်နားထားမိမှန်းမသိတဲ့ သူမရဲ့ဖုန်းကိုလိုက်ရှာသည်။ သူမရဲ့စာအုပ်တွေထားသောစားပွဲပေါ်မှာ Laptopနဲ့အတူအားသွင်းထားတာကိုတွေ့ရ၏။

သူမဖုန်းကိုဖြုတ်ယူပြီးဖွင့်ကြည့်လိုက်တဲ့အခါ သူမရဲ့အစ်မနဲ့သူငယ်ချင်းများက Anniversary အတွက်ဂုဏ်ပြု Message များပို့ထားတာကိုတွေ့ရသည်။ ခင်သက်တင်မှာ ထို Message တွေကိုဖတ်ပြီး ခပ်ဖွဖွကလေးပြုံးလိုက်ပါသည်။

ဟုတ်တယ်....ဒီနေ့ကသူနဲ့ခင်သက်ရဲ့ 2 Years Anniversary Day ။
လွန်ခဲ့တဲ့၂နှစ်လောက်က ဒီလိုနေ့မှာ ခင်သက်တို့လက်ထပ်ခဲ့ကြတာ။
ခင်သက်တို့အတွက် မင်္ဂလာနှစ်ပတ်လည်နေ့ဟူသည် ဘာမှန်းတောင်မသိ။

၁နှစ်ပြည့်ခဲ့တဲ့နေ့တုန်းကလည်း သူကအိမ်ပြန်မလာ။ ခင်သက်လည်းကိုယ့်အလုပ်ကိုယ်လုပ်ရင်းဖြတ်သန်းခဲ့ကြတာဖြစ်ပြီး ဒီနှစ်လည်း သူဟာဒီနေ့ခင်သက်တို့Anni Day ဆိုတာသတိရလိမ့်မယ်မထင်။ အိမ်ကိုလည်းပြန်လာလိမ့်မယ်လို့မထင်။

ပြန်လိုချင်တယ် (Completed) OCWhere stories live. Discover now