Part (1) Uni/Zawgyi

Começar do início
                                    

သန့်ဇင်ကတော့ သူ့အမေနဲ့ဖုန်းပြောပြီးအခန်းထဲပြန်ဝင်လာရင်းနဲ့ Facebook ခဏဖွင့်ကြည့်၍

"ဟေ့ကောင် နေထွဋ် ဒီနေ့ မင်းတို့ Anniversary မလား "

အားလုံးရဲ့မျက်လုံးတွေက သန့်ဇင်ဆီသို့ရောက်သွားပေမဲ့ နေပိုင်ထွဋ်ကတော့ မော့သောက်ဖို့ရည်ရွယ်ထားတဲ့ဝီစကီဖန်ခွက်ကလေထဲမှာခေတ္တရပ်တန့်သွားသည်။

"ဟေ့ကောင်ဟုတ်လား"
ဇေကြီးကပါထပ်ဆင့်မေးလိုက်တော့ သန့်ဇင်က သူ့ဖုန်းကိုထောင်ပြပြီး

"ဒီမှာလေ မနှစ်က ဒီကောင့် Wedding တုန်းက Memory တွေပြန်တက်နေတာပဲဟ! "
ဟုပြောလိုက်၏။

ဝမ်တီးကလည်း သန့်ဇင်ဖုန်းကိုကြည့်လိုက်ပြီး

"ဟ ဟေ့ကောင် မင်းကအဲ့တာကိုဒီမှာဘာလာလုပ်နေတာတုန်း မင်းမိန်းမကအိမ်မှာစောင့်နေမှာပေါ့ Anni Day ကြီးကိုကွာ"

"ဟက်...အဲ့ဒီမိန်းမလား ငါ့ကိုအိမ်မှာစောင့်နေမှာ ဒီနေ့က Anniversary ဆိုတာတောင်သတိရမယ့်မိန်းမမဟုတ်ဘူး သူ့အလုပ်ခန်းထဲမှာ အဝတ်တွေသည်းကြီးမည်းကြီးချုပ်နေမှာ!"

နေပိုင်ထွဋ်က တုန့်ပြန်စကားဆိုလိုက်ကတည်းက သူငယ်ချင်း၃ယောက်စလုံးငြိမ်ကျသွားတော့သည်။

နေပိုင်ထွဋ်ဟာအိမ်ထောင်ရေးအဆင်မပြေတာကို သူငယ်ချင်းအားလုံးသိပြီးသားဖြစ်ပေမဲ့ တဖြည်းဖြည်းပိုပိုအေးစက်လာတာကိုလည်း တွေ့ရသည်။ ဝမ်တီးကတော့သက်ပြင်းချပြီးတော့ နေပိုင်ထွဋ်ကိုဖြောင်းဖျဖို့ပါးစပ်ပြင်နေလေသည်။ ဒါကိုရိပ်မိသောနေပိုင်ထွဋ်ကလည်း

"မင်း အိမ်ထောင်ရေးတရားတွေဟောမလို့ဆိုရင်အခုရပ်လိုက်တော့ ဝမ်တီး ငါတို့ကညားကတည်းကအခုထိအဆင်မပြေတာရှေ့လည်းဒီလိုပဲဆက်တိုက်ဖြစ်နေဦးမှာ ဒီနေ့အတွက် ငါ Billရှင်းမယ် 2 Years Anniversary အတွက်ပေါ့ကွာ နောက်ထပ် စော်ထပ်ခေါ်ချင်လည်းခေါ်ကွာ "

••••••••••••••••••••••••••••••••••••••••••••••

ခဲဖြင့်ခြစ်ထားသော စာအုပ်ထဲမှ Dress ပုံကိုတစ်လှည့် စားပွဲပေါ်မှာဖြန့်တင်ထားသော ချုပ်လက်စDress ကိုတစ်လှည့် ကြည့်ရင်း ခေါင်းစားသောသူမ။

ပြန်လိုချင်တယ် (Completed) OCOnde as histórias ganham vida. Descobre agora