Part (1) Uni/Zawgyi

Start from the beginning
                                    

"ဟ...နေထွဋ်က အိမ်ပိုင်တယ်ကွ မိန်းမသာရှိတာ မင်းလိုကြောက်မနေဘူး အခုလည်းKTV ကိုသူအရင်ဆုံးရောက်နေတာ "

ဇေကြီးကတစ်ဖန်ပြန်ပြောလိုက်ပါသည်။

"တော်ကြပါတော့ကွာ မင်းတို့မစွံတိုင်းမိန်းမတွေအကြောင်းပဲလာပြောမနေနဲ့ "

ဝမ်တီးက ကြက်ကုန်းဘောင်ကြီးကြော်တွေကော်စားပြီးပြန်ပြောလိုက်သည်။

ဝမ်တီးဟာ လွန်ခဲ့တဲ့၃နှစ်ကတည်းက အိမ်ထောင်ကျခဲ့တာဖြစ်ပြီး နေပိုင်ထွဋ်က ဝမ်တီးပြီးနောက်တစ်နှစ်၌ဖြစ်သည်။ ဇေကြီးနဲ့သန့်ဇင်ကတော့လူပျိုကြီးများဖြစ်ကြသည်။

"ဟ..ငါတို့ကမစွံတာမဟုတ်ဘူး ငါတို့ရဲ့လွတ်လပ်မှုကိုဘာနဲ့မှမလဲနိုင်သေးတာကွ!"

ဇေကြီးက ဝမ်တီးစကားကိုချေပပြောဆိုလိုက်တော့ သန့်ဇင်ကဇေကြီးကိုထောက်ခံပြီးခေါင်းတွေဇွတ်ညိတ်သည်။

"ဘာမှမဟုတ်ဘူး တစ်ယောက်ကစော်ပစ်ကောင် တစ်ယောက်ကစော်ငြင်းကောင်! "

နေပိုင်ထွဋ်က အထိဆုံးစကားကိုဝင်ပြောလိုက်သောကြောင့် ဇေကြီးနဲ့သန့်ဇင်တို့မျက်လုံးပြူးကြီးနဲ့ဝိုင်းကြည့်ကြလေသည်။ ဝမ်တီးကတော့ နေပိုင်ထွဋ်နဲ့ဖန်ခွက်ချင်းလှမ်းတိုက်ပြီး ထောက်ခံလေ၏။

ငယ်ပေါင်းတွေဖြစ်ကြပြီး ပြောမနာဆိုမနာ အားမနာစတမ်းတစ်ယောက်ကိုတစ်ယောက်ဖဲ့နေကြသည်။

ထို့နောက်အတန်ငယ်ကြာတဲ့အခါ သန့်ဇင်နဲ့ဇေကြီးတို့ခေါ်ထားတဲ့ကောင်မလေးတွေကအချိန်ပြည့်လို့ထွက်သွားကြလေသည်။ အချိန်ပြည့်ဆို နာရီအားဖြင့် ည၁၀ နာရီရှိနေလေပြီ။ သူတို့တွေလူစုံကြတာ၈နာရီတုန်းကဖြစ်ပြီး ဝမ်တီးရဲ့မဟေသီကတော့ဖုန်းဆက်ခေါ်နေပြီမို့မကြာခင်ဝမ်တီးကတော့ပြန်တော့မည်ဖြစ်သည်။

၄ယောက်စလုံးအနည်းငယ်မှန်နေကြပေမဲ့ အရမ်းကြီးမူးမနေပဲစကားပြောလို့ကောင်းရုံလောက်သာဖြစ်သည်။ ကြားထဲက၂နာရီကလည်း စော်ပစ်ကောင်ဆိုတဲ့အတိုင်း လွန်ခဲ့တဲ့၁ပတ်ကရည်းစားကပစ်သွားသည့်ဇေကြီးထိုင်Feel တာကိုနားထောင်လိုက်ရသည်။

ပြန်လိုချင်တယ် (Completed) OCWhere stories live. Discover now