"မစ္စတာLeoအဲ့လိုမလုပ်လို့ရမလား..ကျွန်တော်ဒီမှာအလုပ်လာလုပ်တယ်ဆိုတာကကုမ္ပဏီချင်းမိတ်မပျက်စေချင်လို့ပါ..အဲ့တာကြောင့်အလုပ်ကိစ္စကလွဲရင်ကျန်တဲ့အပြုအမူတွေဆင်ခြင်ပေးပါ...."

"အာ...ဟုတ်သားနော်ကိုယ်ကတော့ရှောင်းကိုခင်ချင်ပေမဲ့ရှောင်းကကိုယ့်ကိုမိတ်ဆွေလိုတောင်သဘောမထားနိုင်ဘူးဘဲ...ကိုယ်သိပါပြီ...."

ရှောင်းကျန့်သူ့ကိုမျက်နှာလေးငယ်လို့ပြောနေတဲ့သူကြောင့်သူပြောလိုက်တာဘာမှားနစ်နစ်နာနာပါသွားလဲလို့ပြန်တွေးမိသည်...
ဒီလူကတော့...စိတ်လျှော့ရှောင်းကျန့်စိတ်လျှော့မင်းကဘဲနားလည်ပေးလိုက်ပါ...

"ဒီမှာ...အဲ့လိုတော့မဟုတ်ပေမဲ့...မိတ်ဆွေအဆင့်လောက်တော့ရပါတယ်..ဒါပေမဲ့ဒီ့ထက်တော့ပိုလို့မရဘူး..."

"ရှောင်းတကယ်ပြောတာနော်အဲ့တာဆိုကိုယ်တို့ကအခုမိတ်ဆွေတွေဖြစ်သွားပြီပေါ့နော်.."

"အင်း...ဟုတ်တယ်..."

"ကျေးဇူးပါရှောင်း...မွ.."

ပြောရင်းသူ့ပါးကိုလာနမ်းတဲ့သူကြောင့်သူမျက်လုံးပြူးသွားမိသည်...

"အာ..sorry ရှောင်းနိုင်ငံခြားမှာကျေးဇူးတင်ရင်အဲ့လိုဘဲလုပ်တာမလို့ပါ..."

"ဟမ်??"
တကယ်ကြီးလားး။ထားပါတော့ငါကနိုင်ငံခြားမရောက်ဖူးလို့..

"ရပါတယ်..အဲ့တာဆိုကျွန်တော်ဘယ်မှာအလုပ်လုပ်ရမလဲ..."

"ဒီမှာလေ..."

CEO ထိုင်ခုံရဲ့ဘေးတစ်ဖက်မှာချထားတဲ့စားပွဲနဲ့ခုံကိုညွှန်ပြနေတာကြောင့်

"ဒီမှာဟုတ်လား..."

"ဟုတ်တယ်လေကိုယ့်ကိုကူညီပေးရမှာဆိုတော့ကိုယ်နဲ့အနီးဆုံးမှာရှိရမှာပေါ့..."

ပြောနေတဲ့စကားကမှန်နေတော့လည်းသူဘာမှဆက်မပြောတော့ပေ....

"အော်ဒါနဲ့ရှောင်းနေ့လည်ကျရင်ကိုယ်လုပ်ငန်းရှင်တစ်ဦးနဲ့သွားတွေ့ဖို့ရှိတယ်...အဲ့တာရှောင်းလိုက်ခဲ့ပေးနော်...."

"ကောင်းပါပြီ....ကျွန်တော်လိုက်ခဲ့ပါမယ်..."

နေ့လည်၁၁နာရီ
ရှောင်းကျန့်ရုံးကိုစရောက်ထဲကဘာအလုပ်မှမလုပ်ရဘဲခုံပေါ်ထိုင်နေရတာဖြစ်သည်....
သူအလုပ်လုပ်မယ်ဆိုတော့လည်းဘာမှမလုပ်ခိုင်းပေ...နောက်ဆုံးသူမရမကပြောတော့မှလုပ်ခိုင်းတဲ့အလုပ်က သူကငြိမ်ငြိမ်လေးထိုင်လို့သူ့(Leo)ကိုထိုင်ကြည့်နေပေးတဲ့...
ဒီလူကတော့ခုနလေးတင်သတိပေးထားတယ်အခုပြန်ပြီးတော့flirtပြန်ပြီ....

Other Side Of Love  (Complete)Where stories live. Discover now