"တကယ် တကယ်ပြောတာ ၁ရက်
မဟုတ်ဘူး ၂ ရက်ပဲစောင့်
၂ရက် ပြီးတာနဲ့ မင်းပြောတဲ့ အတိုင်း ရစေရမယ် ...ဟင်..."

"မယုံဘူး...
ငါ့စကိတ်ဘုတ်က ငါ့အဖေ အမေရိကန်ကနေ မှာပေးထားတာ ဒေါ်လာ ၈၀ တောင် ပေးခဲ့ရတာ...
မင်းလို တောကကောင်က ဘယ်လိုလျှော်နိုင်မှာလဲ..."

ပြောပြီး ချိန်ရွယ်လာတဲ့ လက်သီးက ဘတ်ဟျွန်း မျက်လုံးဆီတည့်တည့်...

"ခဏ ...ခဏ..."

အလျှင်အမြန်တားဆီးလိုက်ရင်း...
အသားနာမှာကို ရှောင်ဖို့ နည်းလမ်းရှာမိသည်။

"ဟိုဟာ ဒေါ်လာ ၈၀ ဆို ဝမ်ဘယ်လောက်လဲ ငါ စုထားတာရှိတာ အဲ့တာပေးမယ်လေ...လိုရင်လဲ ထပ်ပေးမယ်..."

"ကိုးရီးယာငွေ ၁၀၂၃၆၀ ဝမ် တောင်နော် မင်းလျှော်နိုင်တာ သေချာလား..."

"ဘာ.....
ဘယ် ဘယ်လောက်လို့ ပြောလိုက်တာလဲ အခု..."

ဖျက်ခနဲ ထထိုင်မိတဲ့ အထိ လန့်ဖြန့်သွားရတဲ့ ပမာဏမို့ ဘတ်ဟျွန်းခေါင်းတွေတောင်ကျိန်းချင်လာသည်။

"ထိုးလိုက်တော့ ဘယ်နှချက်ထိုးမှာလဲဟင် "

တကယ်လက်ရွယ်လာတာကြောင့် လန့်ကာ နောက်ဆုတ်မိပြန်သည်။ ဒီကောင်က နည်းနည်းမှ ညှာမယ့်ပုံမရှိ။ ပြီးတော့ ဘယ်နှချက်တောင် ထိုးမှာလဲ...

"ခဏ ခဏ..."

"ဘာလဲကွာ လျှော်ပေးမှာလားပြော..."

"မဟုတ်ဘူး
မျက်လုံးမှိတ်လိုက်ဉီးမယ်လို့...
ဘယ်နှချက်ထိုးမှာလဲ ဟင်..."

"ငါးချက်ထိုးမယ် မှိတ်ထား မျက်လုံး...
ဘယ်လို ဟာမှန်းမသိဘူး
လုပ်ရဲရင် ခံရဲရမှာပေါ့..."

ဘတ်ဟျွန်း မျက်လုံးတွေ အတင်းဖိမှိတ်ထားပေမယ့် ကြောက်နေတာကလဲ တကယ်မို့ လက်သီးတွေပါ ကျစ်နေအောင် ဆုပ်ထားမိသည်။ လာထိဟပ်မယ့် လေရဲ့ အရှိန်ကို ခံစားလိုက် တာမို့ ...

"ခဏ ခဏ..."

"ဟေ့ရောင် မင်းးးး
ပြော ဒီတစ်ခါက ဘာလဲ..."

"ဟို နည်းနည်း ဖြည်းဖြည်းလေး လုပ်လို့မရဘူးလား..."

"ကျစ်...
တော်ပြီ မထိုးတော့ဘူး..."

MINE(Completed)Where stories live. Discover now