ကျိုးရိုက ဖုန်းကိုချက်ချင်းထုတ်ပြီး တခြားအေးဂျင့်တွေကိုမေးဖို့ဟန်ပြင်လိုက်တယ်။

"မလိုဘူး ကျွန်မပဲနိုင်မှာ"

ရှန်ယန်း အပြုံးတစ်ပွင့်နဲ့ ကျိုးရိုကိုပြောလိုက်တယ်။အဲဒီနောက် သူမက နာနီကားရဲ့တစ်ဖက်ခြမ်းကိုလှမ်းကြည့်လိုက်တယ်။

"နောက်ပြီး ဒီလိုနည်းနဲ့အနိုင်ရမယ်ဆိုရင် ပိုပြီးပျော်စရာကောင်းလိမ့်မယ် တကယ်လို့ကျွန်မတို့ရှုံးမယ်ဆိုရင်တောင် ဈေးကွက်ရှာလို့ကောင်းသွားမှာနော်"

ပြိုင်းပွဲစဖို့အချိန်က ဆယ်မိနစ်ပဲကျန်တော့တာလေ။ ဘယ်အနုပညာရှင်ကများ ဒီအချိန်အတွင်းမှာ ရှန်ယန်းကိုလာပြီးကူညီမှာတဲ့လဲ။ ကျိုးရိုကရော ဘယ်သူတွေကိုလိုက်မေးနေမှာတဲ့လဲ။

မုရီအနိးရဲ့ရုံးခန်းထဲမှာတော့ ..

လက်ထောက်ဝူ :
" ဥက္ကဌမု လီရှင်းက လီမိသားစုရဲ့သမီးပါ .. သူ့ရဲ့အစ်မနဲ့ ဥက္ကဌမုကို သူဌေးကတော်က ဘလိုင်းဒိတ်စီစဉ်ပေးချင်နေတာပါ .. လီမိသားစုက လီရှင်းကိုအနုပညာလောကမှာကျင်လည်ဖို့ခွင့်မပြုပေးတဲ့အတွက် သူ(လီရှင်း)က သူငယ်ချင်းတချို့ကိုပဲမှီခိုနေရတာပါ"

"သူ့ရဲ့ဦးလေး လီဟဲက သာမန်အဆင့်လောက်ပဲရှိပြီး လီရှင်းကိုအချိန်တိုင်းကူညီပေးနေပါတယ် .. လီမိသားစုက လီရှင်းကိုအနုပညာလောကထဲကို မဝင်စေချင်ပေမယ့် သူမလမ်းမှာကိုရောက်သွားမှာကိုလည်းစိတ်ပူနေလို့ပါတဲ့"

လက်ထောက်ဝူက ခဏလောက်ရပ်ပြီးဆက်ပြောတယ်။

"ဒီတစ်ခေါက်မှာတော့ လီရှင်းက အောင်မြင်နေတဲ့အမျိုးသားအနုပညာရှင်တစ်ယောက်ကိုအကူအညီတောင်းထားပါတယ်"

"အဲဒီအမျိုးသားအနုပညာရှင်က ဘယ်သူလဲဆိုတာရှာလိုက်"

လက်ထောက်ဝူက ထိုစကားကိုကြားလျှင်ကြားချင်းပဲ အပြင်သို့ပြေးထွက်သွားတယ်။

ပြိုင်ပွဲစဖို့က တစ်မိနစ်ပဲကျန်တော့တယ်။

ရှန်ယန်းရော လီရှင်းရော နှစ်ယောက်လုံးက နာနီကားထဲမှ တည်ငြိမ်စွာ ဆင်းလာကြတယ် ။ လီရှင်းရဲ့ဘေးမှာရှိတဲ့ အောင်မြင်နေတဲ့အနုပညာရှင်ကတော့ နေကာမျက်မှန်ကိုတပ်ဆင်ထားတာကြောင့် ဘယ်သူလဲဆိုတာကို မခွဲခြားနိုင်ကြသေးဘူး။

ပြန်လည်မွေးဖွားလာသော ဗီလိန်ရဲ့ရည်းစားဟောင်း (Myanmar translation)Where stories live. Discover now