Chapter (61.2)

Magsimula sa umpisa
                                    

သူမက ထို Sweet chocolate အမှတ်တံဆိပ်က ဘာကြောင့်သူမကိုလိုချင်နေလဲဆိုတာကို သိချင်ရုံပါပဲ။

"ဒီနေ့ Dream chocolate မှာလူရွေးပွဲသွားဖြေခဲ့တာကရော ဘယ်လိုနေလဲ"

Dream chocolate အမှတ်တံဆိပ်ရဲ့အကြောင်းကိုပြန်လည်အစဖော်လာတော့  ရှန်ယန်းကပြုံးလိုက်ပြီး ဖြစ်ခဲ့သမျှကိုပြန်လည်ရှင်းပြလိုက်တယ်။

"ဒါက သိသိသာသာကို အနိုင်ကျင့်တာပဲ အား!"

အဲဒီနောက်ကျိုးရိုက ထိုကိစ္စကိုတွေးတောကာ ဟက်ဟက်ပက်ပက်ရယ်မောလိုက်တယ်။

"တကယ်လို့ မင်းနှင့်Sweet chocolate နဲ့လက်မှတ်ထိုးလိုက်တာကိုသာ သူတို့တွေသိသွားရင် ဘာပြောလောက်မယ်ထင်လဲ အထူးသဖြင့် အဲဒီလီရှင်းလေ "

ရှန်ယန်းက ခဏလောက်တွေးတောပြီးပြန်ဖြေလိုက်တယ်။

“ကျွန်မ မသိဘူး"

***

Unicode

Sweet Chocolate အမှတ်တံဆိပ်က တရုတ်နိုင်ငံမှာလူကြိုက်အများဆုံးအမှတ်တံဆိပ်ပဲ။ သို့ပေမယ့် ပထမအဆင့်ရှိအမျိုးသမီးအနုပညာရှင်တွေအများစုတောင် ထိုကုန်ပစ္စည်းနဲ့လက်တွဲနိုင်ခြင်းမရှိဘူး။

ဒါပေမယ့်အခုချိန်မှာ သူတို့က တခြားအနုပညာရှင်တွေကိုကျော်လွှားပြီး ကျန်းရှုကိုထောက်ခံသူအဖြစ်လိုချင်နေတာလား။

ကျိုးရိုရဲ့လက်အောက်မှာရှိတဲ့အနုပညာရှင်တွေထဲမှာ ကျန်းရှုကနာမည်အကြီးဆုံးလေ။ ဒီတော့ သူတို့ကကျန်းရှုကိုလိုချင်တာမဟုတ်ရင် ဘယ်သူ့ကိုဖြစ်နိုင်မှာတဲ့လဲ။

ဒီတစ်ကြိမ်မှာတော့ ကျိုးရိုတစ်ယောက်အနည်းငယ်စိတ်လှုပ်ရှားနေခဲ့တယ်။ ဖုန်းတစ်ဖက်မှ ပြောလာတဲ့အမျိုးသမီးရဲ့ရာထူးကိုကြားလိုက်ရချိန်မှာ သူမကပိုပြီးစိတ်လှုပ်ရှားလာတော့တယ်။

Sweet chocolate အမှတ်တံဆိပ်ရဲ့ဝန်ထမ်းကပြောလာခဲ့တယ်။

"ဒါက ဒီလိုပါ ကျွန်မတို့ရဲ့ချောကလက်ထုတ်ကုန်အတွက် ရှန်ယန်းကိုပြောရေးဆိုခွင့်ရှိသူအဖြစ် ဖိတ်ခေါ်ချင်လို့ပါ "

“ရှင်တို့ရဲ့ချောကလက်ထုတ်ကုန်က ဘယ်သူ့ကိုပြောရေးဆိုခွင့်ရှိသူအဖြစ်လိုချင်တယ်လို့ပြောလိုက်တာလဲ"

ပြန်လည်မွေးဖွားလာသော ဗီလိန်ရဲ့ရည်းစားဟောင်း (Myanmar translation)Tahanan ng mga kuwento. Tumuklas ngayon