"ဟွန့်... ဆက်စရာမလိုပါဘူးဟာ... အဲ့အိမ်မှာ ငါ့ကိုစိတ်ပူတဲ့သူ တစ်ယောက်မှမရှိဘူး... ငါ့လစာကိုပဲ စိတ်ပူနေကြတာ"
"အေးပါ အေးပါ... လာ အာ့ဆို ငါတို့ သောက်စရာတစ်ခုခုပါ ဝယ်သွားရအောင်"
"အင်း"
လက်မလေးထောင်ကာ ပြောလာတဲ့ လင်းကိုကြည့်ပြီး နှောင်းရယ်လိုက်ကာ အိမ်ပြန်လာလိုက်သည်။ လမ်းမှာတွေ့တဲ့ ၂၄ နာရီဖွင့်တဲ့ဆိုင်မှာ လင်းသောက်တတ်တဲ့ ဘီယာရယ် Fullmoon တစ်ပုလင်းနဲ့ အမြည်းနည်းနည်း ဝယ်လာခဲ့တာကြောင့် အိမ်ရောက်တော့ ခဏနားပြီး ရေမိုးချိုးလိုက်သည်။
ရောက်ကတည်းက ဝါရံတာမှာ ရပ်ပြီး ညရှုခင်းကို ငေးနေသည့် လင်းကို ရေချိုးဖို့ပြောလိုက်ပြီး နှောင်းကတော့ ဘီယာနဲ့ အမြည်းကိုပြင်ဆင်နေလိုက်သည်။ လင်းကတော့ တစ်ခါတစ်ရံ နှောင်းအိမ်လာအိပ်တတ်တာမို့ သူ့အဝတ်အစား နှစ်စုံလောက်ကို ဗီဒိုထဲထည့်ထားတာကြောင့် ရေချိုးခန်းထဲက ထွက်လာတဲ့ လင်းက ဗီဒီုဖွင့်ကာ သူ့အင်္ကျီတွေကို ရှာပြီး ထုတ်ဝတ်နေသည်။ ပြီးတာနဲ့ ကြမ်းပြင်ပေါ်ခင်းထားတဲ့ မွေးပွကော်ဇော်လေးမှာ ထိုင်ပြီး ဘီယာဗူးကို ကောက်ကိုင်ကာ တစ်ငုံသောက်လိုက်သည်။ နှောင်းလည်း ဘာမှမပြောပဲ လင်းရှေ့မှာထိုင်ကာ Fullmoon ပုလင်းကိုဖွင့်ပြီး တစ်ငုံသောက်လိုက်သည်။ ဝရံတာတံခါးကို ဖွင့်ထားတာမို့ လေအေးအေးလေးဝင်လာတော့ အေးခနဲဖြစ်သွားသည်။
နှောင်းကို ရင်ဖွင့်မယ့်သူက အခုထိဘာမှမပြောသေးတာကြောင့် နှောင်းလည်း ဝိုင်လေးသောက်လိုက် အမြည်းလေးစားလိုက်နဲ့ ညလေအေးလေးနဲ့ သာယာနေသည်။ နှောင်း နှစ်ငုံလောက်သောက်ပြီးချိန်မှာ လင်းက
"ငါ့အပေါ် ထူးပိုင်အချိုးတွေပြောင်းနေတယ် နှောင်း"
"ဘာ!!!"
"ဟုတ်တယ်... သူနောက်တစ်ယောက်ရှိနေလား မသိဘူး... ငါမေးတော့လည်း သူ့အစ်မဝမ်းကွဲလို့ပြောတယ်... ဒါ... ဒါပေမယ့် သူနဲ့ငါတွဲလာတာ ၃နှစ်ကျော်ပြီလေဟာ... သူအချိုးတွေပြောင်းနေတာ ငါရိပ်မိတာပေါ့"
"စောင့်ကြည့်လိုက်ဦးပေါ့ဟာ... သူခြေလှမ်းတွေပျက်တာ ကြိမ်းသေတယ်ဆိုလည်း ဖြတ်လိုက်ပေါ့ဟ"
💕She lied to me💕
Start from the beginning
