"နင်... နင်နော်... တော်ပြီ စားစရာရှိတာစား"
"ဪ ဒါကရှက်သွားတဲ့မျက်နှာလေးတဲ့လား"
"ဟဲ့ လင်းနော်"
"ကဲကဲ စမနေကြနဲ့တော့... စားစရာရှိတာစားကြ... အေးကုန်မယ်"
လင်းကို အားရပါးရမျက်စောင်းထိုးပြီး အသားတုံးတစ်တုံးကို ပါးစပ်ထဲထည့်ကာ အားရပါးရဝါးစားလိုက်တော့သည်။
💕💕💕💕💕
မွေးနေ့ညစာကို အတူတူပျော်ရွှင်စွာ စားသောက်ပြီးတာနဲ့ နှောင်းတို့သူငယ်ချင်း ၃ယောက် အတူတူ အိမ်ကို လမ်းလျှောက်ပြန်လာကြသည်။ လမ်းတဝက်လောက်မှာ နှောင်းတို့ရပ်ကွက်ထဲက ဦးလေးကြီးတစ်ယောက်က ရပ်ကွက်ထဲ ခရစ္စမတ်ပိတ်ရက် လူငယ်တွေ ပျော်ပွဲရွှင်ပွဲလုပ်ကြဖို့ကို ဦးနဲ့တိုင်ပင်စရာရှိတယ်ဆိုတာကြောင့် လမ်းထဲမှာ လူငယ်ခေါင်းဆောင်လိုဖြစ်နေတဲ့ဦးက ထိုဦးလေးနဲ့ အတူလိုက်သွားသည်။ ကျန်ခဲ့နဲ့ နှောင်းနဲ့လင်းကတော့ နှစ်ယောက်အတူတူလမ်းလျှောက်လာရင်း မျက်နှာမသာမယာဖြစ်နေတဲ့ လင်းကို ကြည့်ကာ
"နင့်မှာ ဘာအခက်အခဲတွေရှိလို့လဲ လင်း... အခုတလော နင့်ကိုကြည့်ရတာ အရင်လို တက်တက်ကြွကြွမရှိဘူး... အခုလည်း မျက်နှာမသာမယာနဲ့ နင်ဘာတွေဖြစ်နေတာလဲ"
နှောင်းရဲ့စိတ်ပူပေးတဲ့ နွေးထွေးတဲ့စကားသံက လင်းခြေထောက်တွေကို ပျော့ခွေသွားစေကာ ထိုလမ်းပလတ်ဖောင်းပေါ်မှာပဲ ဆောင့်ကြောင့်ထိုင်လိုက်မိသည်။ ရုတ်တရက် ထိုင်ချလိုက်တဲ့လင်းကြောင့် နှောင်းလည်း ကပျာကယာ လင်းဘေးနားငုတ်တုတ်လေးထိုင်ကာ ကျောပြင်လေးကို ပွတ်ပေးရင်း
"အဆင်ပြေရဲ့လား လင်း"
နှောင်းမေးတာကို ခေါင်းငုံ့လျက် ခေါင်းခါပြနေတဲ့ လင်းကြောင့် နှောင်းသက်ပြင်းချလိုက်ပြီး လင်းကို တွဲထူကာ
"ဒါဆိုလည်း ငါ့အိမ်ပဲသွားရအောင်လေ... လမ်းမကြီးမှာတော့ မကောင်းပါဘူး... လာ ထ"
"နှောင်း"
"အင်း အခုဘာမှမပြောနဲ့ဦး... ဒီည ငါ့အိမ်မှာအိပ်မယ်ဆိုတဲ့အကြောင်း နင့်အဒေါ်တွေကို ဖုန်းဆက်လိုက်ဦး"
💕She lied to me💕
Start from the beginning
