”ကိုယ် ကိုယ်ကြားပါတယ်ကွာ။ကိုယ့်ကိုမုန်းနေမယ်ဆိုတာလည်းသိပါတယ်။ကိုယ့်ကိုမျက်နှာမမြင်ချင်လောက်တဲ့ထိရွံမုန်းနေမယ်ဆိုလဲရပါတယ်။ဒါပေမဲ့ရှောင်းစိတ်လိုက်မာန်ပါတော့မလုပ်ပါနဲ့နော်။အခုရှောင်းတစ်ယောက်ထဲမဟုတ်တော့ဘူး။ရှောင်းရဲ့ကိုယ်ထဲမှာကိုယ်နဲ့ရှောင်းရဲ့ကိုယ်ပွားလေးရောက်နေပြီရှောင်းရဲ့အဲ့ဒါကြောင့်ရှောင်းကိုယ့်ကိုမုန်းနေရင်တောင်ရှောင်းရဲ့ကလေးကိုတော့ငဲ့ပါဦးကွာနော်။ကိုယ်အခုထွက်သွားပေးပါ့မယ်။ရှောင်းအချိန်ယူလိုက်ပါဦးနော်”

ရိပေါ်ပြောပြီးတာနဲ့ကုတင်ပေါ်မှာမယုံနိုင်သလိုသူ့ဗိုက်သူပြန်ကိုင်ကာငြိမ်သက်နေတဲ့ရှောင်းကိုထားခဲ့လို့အခန်းပြင်ထွက်လာခဲ့သည်။ရှောင်းကိုအချိန်ပေးဖို့လိုဦးမယ်ဆိုတာသူသိပါသည်။ရှောင်းဘယ်လိုဆုံးဖြတ်ချက်ကိုချချသူလိုက်နာပေးမည်။ဒါပေမဲ့ရှောင်းနဲ့ဝေးမှာကိုတော့သူတကယ်ကိုမခံစားနိုင်။
.................

ရှောင်းကျန့် ဝမ်ရိပေါ်ပြောသွားတဲ့စကားကိုအခုထိမယုံနိုင်သေးပေ။သူ့မှာ...သူ့မှာကိုယ်ဝန်ရှိနေပြီ။သူ့မှာကလေးလေးရှိနေပြီ။သူ့ရဲ့ဝမ်းဗိုက်လေးကိုကိုင်လို့မယုံနိုင်စွာငြိမ်သက်နေမိတယ်။ကလေးလေးကအခုထိအကောင်အထည်မပေါ်သေးပေမဲ့ရှိနေမှန်းကိုသူခံစားမိနေတယ်။ဒါက...ဒါကတကယ်ကြီးသူ့ဗိုက်ထဲမှာသက်ရှိလေးတစ်ယောက်ရှိနေတာဘဲ။

!အင့်...ဘာလို့အခုချိန်မှလဲကွာ။မင်းပါးပါးကလောကကြီးကိုအရှုံးပေးဖို့ပြင်ထားတာကွ။ဒါပေမဲ့မင်းလေးရောက်လာတော့ပါးပါးကဘယ်လိုလုပ်ရက်တော့မှာလဲကွာ။မင်းရဲ့အဖေနောက်တစ်ယောက်ကိုပါးပါးကမုန်းပေမဲ့မင်းကိုတော့ပါးပါးကမမုန်းရက်ပါဘူးကွာ။ပါးပါးရဲ့ဗိုက်ထဲမှာကောင်းကောင်းကြီးပြင်းလာရမယ်နော်ပါးပါးရဲ့ကလေးလေး။ပါးပါးကမင်းကိုအကောင်းဆုံးဖြစ်အောင်စောင့်ရှောက်ပေးမှာပါ!!

ရှောင်းကျန့်ဆုံးဖြတ်ချက်တစ်ခုကိုခိုင်မာစွာချလိုက်တော့သည်။
...................
ရိပေါ် ရှောင်းရဲ့အခန်းရှေ့မှာထိုင်နေတုန်းထိုးကိုက်လာတဲ့ဦးခေါင်းကြောင့်ခေါင်းကိုလက်နဲ့ကိုင်လို့ဖိထားမိသည်။

Other Side Of Love  (Complete)Where stories live. Discover now