လူကြီးမင်းယန်က အရေခွံကြီးနှစ်စုံကို အသံတိတ် ကြည့်နေတယ်။

သူတို့နားတစ်ဝိုက်မှာ မြည်ဟည်းသံက ဆက်လက်ထွက်ပေါ်နေဆဲဖြစ်ပြီး ရုတ်တရက်ဆိုသလို အရေခွံထဲမှာ ဖောင်းကြွနေတဲ့ပုံရိပ်တစ်ခု ဖြစ်ပေါ်လာပြီး သူတို့ကို စတင်ဝန်းရံလိုက်တော့တယ်!

သင်တို့တွေ အရွယ်ရောက်လူကြီးတွေရဲ့ အဝတ်အစားတွေဝတ်ပြီး ပတ်ပြေးနေတဲ့ ကလေးသေးသေးလေးတွေကို မြင်ဖူးကြပါသလား?

ဒါက ဒီလိုပဲ! ဘာမှန်းမသိတဲ့အရာနှစ်ခုက သူတို့လုပ်ဖော်ကိုင်ဖက်ရဲ့ အရေပြားထဲမှာ လှုပ်ရှားလို့နေတယ်။ သူတို့က ကလေးတွေ ဆော့ကစားနေသလိုမျိုး ခြောက်ခြားဖွယ် စူးစူးဝါးဝါးအော်သံတွေတောင် လုပ်နေလိုက်သေးတယ်။

ဒီအခိုက်အတန့်မှာ လူတိုင်း ဆံပင်မွှေးတွေ ထောင်ကုန်တော့တယ်!

"ကျန်းပိုင်!" ကျန်းမူက ဓားအိမ်ထဲမှ သူ့ရဲ့ချန်းဖန်းကို ထုတ်ရင်း ကျန်းပိုင်ဆီအပြေးသွားကာ သူ့နောက်မှာ ကာပေးထားလိုက်တယ်။ သူ့ရဲ့စူးရှတဲ့မျက်လုံးတွေက မြေကြီးပေါ်မှာ လှုပ်ရှားနေတဲ့အရာတွေအပေါ်မှာသာ ကျရောက်နေတယ်။

နောက်ပြီး ရှောင်လျို့ကလည်း သူ့ရဲ့ဆရာကို ကာကွယ်ပေးဖို့ အရှေ့ကို အပြေးတက်လာတယ်။ အိတ်ကို လက်တစ်ဖက်က ကိုင်ထားပြီး နောက်တစ်ဖက်က အိတ်ထဲထည့်ထားကာ လိန်းကျဲ့ကို ကာပေးနိုင်ဖို့ အချိန်မရွေး ဘယ်လက်နက်ကိုမဆို ထုတ်တော့မယ့်ပုံပေါ်တယ်။

လူကြီးမင်းယန်ကတော့ မြေကြီးပေါ်မှာရှိနေတဲ့အရာတွေကို ခံစားချက်မဲ့စွာ စိုက်ကြည့်နေတယ်။ တစ်စက္ကန့်အကြာမှာ လှောင်သံတစ်ချက်ထွက်ပေါ်လာပြီး ကွန်ဖူးတတ်တဲ့ သူ့ရဲ့နောက်ဆုံးလက်မရွံ့ ရှောင်လီက သူ့ရဲ့ဓားမြှောင်တွေကို ဆွဲထုတ်ကာ သူ့ရဲ့ဘော့စ်နားကို ကပ်သွားလိုက်တယ်။

သူရင်းနှီးနေတဲ့အရေခွံကိုကြည့်ကာ တုန်လှုပ်ခြောက်ခြားနေတာမျိုး မရှိဘူး။ သူ့မျက်နှာပေါ်မှာ အပြုံးတစ်ပွင့်တောင် ရှိနေလိုက်သေးတယ်။

ဒီလူတွေကြားမှာ ရဲဘော်ရဲဘက်စိတ်ဆိုတာ ဘယ်လိုလုပ်ရှိနိုင်မှာလဲ? သူတို့တွေမှာ လုပ်ဆောင်နိုင်စွမ်းမရှိတာကြောင့် စောစောစီးစီးသေသွားတာ၊ ဘယ်လိုနေနေ သူကလည်း သူတို့နဲ့ ခပ်ပြတ်ပြတ်နေဖို့ ပြင်ဆင်ထားခဲ့တာဖြစ်တယ်။

ခေါင်းတလားကြီးထဲမှာ မင်းနဲ့ငါ [ဘာသာပြန်]Where stories live. Discover now