"မင်းကဘာကိစ္စပြောစရာရှိလို့လဲ။လူနာကိစ္စလား"

"ဟုတ်တယ်လူနာကိစ္စဒါပေမဲ့လူနာကမင်းကိုယ်တိုင်ဘဲ"

"ဟမ် လူနာကငါ။ငါကဘာဖြစ်နေလို့လဲ"

"မင်းမှာအရက်နဲ့မတည့်တဲ့ရောဂါရှိတယ်မလား"

"အင်း အဲ့တာဘာဖြစ်လို့လဲ"

"မနေ့ကငါတို့ဝမ်အိမ်တော်က ပွဲကိုသွားခဲ့တယ်နော်"

"အေးလေသွားတယ်လေအဲ့တာဘာဖြစ်လို့လဲ။လိုရင်းကိုပြောစမ်းပါကွ"

"အေးပါကွာ။အဲ့ဒီ့ပွဲမှာတိုက်တဲ့အချိုရည်မှာအရက်တွေပါနေတာမင်းသိလား"

"ဟမ်!အချိုရည်မှာအရက်ပါတယ်ဟုတ်လားဘယ်လိုလို့ဖြစ်နိုင်မှာလဲအဲ့တာက...."

ရှောင်းကျန့်ပြောနေရင်းမှတစ်စုံတစ်ခုကိုစဉ်းစားမိတာကြောင့်သူ့စကားတွေရပ်တန့်သွားသည်။

"ဘာလို့မဖြစ်နိုင်ရမှာလဲကွ။ဒီမှာငါကအရက်မသောက်နိုင်တာသိတယ်မလား။ငါကမင်းလိုဓာတ်မတည့်တာမျိုးမဖြစ်ပေမဲ့အရက်ကိုတော့လုံးဝမသောက်နိုင်ဘူးလေ။"

"အေးပါမင်းအရက်မသောက်နိုင်တာငါသိတယ်။လိုရင်းသာပြောစမ်းပါ"

"ငါ့လိုအရက်မသောက်နိုင်တဲ့လူကAlcholဓာတ်နည်းနည်းလောက်ပါရင်တောင်မူးတတ်တယ်လေ။မနေ့ကပွဲမှာငါအချိုရည်သောက်ပြီးမူးနေခဲ့တာ။အရက်ကအများကြီးမဟုတ်တော့ရုပ်ပျက်ဆင်းပျက်တော့မဖြစ်ခဲ့ပေမဲ့ဝမ်သခင်လေးမင်းကိုလိုက်ရှာနေတော့ငါမကူညီပေးနိုင်ခဲ့ဘူးလေ"

"ခ..ခဏကျိုးချန်ဝမ်သခင်လေးကငါ့ကိုလိုက်ရှာတယ်ဟုတ်လား"

"ဟုတ်တယ်လေဝမ်သခင်လေးကမင်းကိုလိုက်ရှာနေတာလေ"

ရှောင်းကျန့်အခုမှသေချာစဥ်းစားမိတယ်။သူ့ရဲ့Heatကလိုသေးတယ်လေ။ပြီးတော့လည်းသူသောက်တဲ့အချိုရည်မှာအရက်ပါတယ်ဆိုတော့ပမာဏနည်းတော့သာမန်လူဆိုမသိနိုင်ပေမဲ့သူ့လိုလုံးဝမတည့်တဲ့သူကတော့မတူဘူးလေ။Alcholနည်းနည်းလောက်သောက်ရင်ကိုHeatဝင်ချင်လာတယ်။ဒါပေမဲ့အဲ့လောက်နဲ့တော့သူအသိစိတ်လွတ်တဲ့ထိဖြစ်မှာမဟုတ်ဘူး။ဖြစ်နိုင်တာကသူထပ်ပြီးဆေးခတ်ခံရတာလား။

Other Side Of Love  (Complete)Where stories live. Discover now