" ဘယ်နှစ်ရာစုမှာ အသက်ရှင်နေထိုင်နေတာပါလိမ့် ၊ ခေတ်မှီချင်တဲ့နေရာကျ အခြားသူလိုက်မမှီအောင်
ခေတ်မှီပြီ ၊ တုံးအချင်တဲ့နေရာကျတော့လဲ ထုံထိုင်းနေတာမျိုးလား ၊ ကိုယ့်အဖြစ်နဲ့ပဲ ယှဉ်ပြီးတွေး
ကြည့်စမ်းပါ ၊ Boy to Girl ယူပြီး အိမ်ထောင်ရေးဖောက်ပြန်ခဲ့ကျတာ ဘယ်သူတွေမို့လဲ ၊ အဲတုန်းကလဲ ငါတို့နှစ်ယောက်စလုံးနာမည်ပျက်ခဲ့တာပဲ ၊
Boy to Boy ယူလို့အလုပ်ကိုထိခိုက်မယ်ဆိုရ
အောင် ဘယ်အလုပ်တွေမှာ အဲလိုမယူရဘူးလို့
စည်းမျဉ်းသတ်မှတ်ထားတာလဲ "

ဒယ်ဒီ့စကားကြောင့် မာမီ အံကိုတင်းတင်းကြိတ်လိုက်တာကိုမြင်လိုက်ရသည် ။ ကိုယ်ကတော့ ပြောစရာရှိနေတဲ့စကားကိုသာ ဆက်ပြောလိုက်သည်။

" ကျွန်တော်က ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်နေနိုင်ပြီးသားလူမို့ ဘယ်သူ့ထင်မြင်ချက်ကမှ ကျွန်တော်အတွက်အရေးမကြီးဘူးလို့ပဲ ခံယူထားပါတယ် ၊
နောက်ဆုတ်ဖို့က ဘယ်လိုမှမဖြစ်နိုင်ဘူး ၊ နောက် ဆုတ်ချင်မှဖြင့် အစထဲကဒီလမ်းကိုလျှောက်မှတောင်မဟုတ်ဘူး ၊ ဒါ ကျွန်တော့်ရဲ့ကိုယ်ပိုင်ဘဝမို့ ၊ ကိုယ့်အတွက် ဘယ်အရာက အကောင်းဆုံးလဲဆိုတာကို ကိုယ်သာအသိဆုံးပဲလို့ ပြောခဲ့တာ "

" ဒါပဲလေ ၊ ဘဝတစ်လျှောက်လုံး ကိုယ်နဲ့အဖော်
ပြုပေးရမယ့်သူက ဘယ်သူဖြစ်လာမလဲဆိုတာကို
ကိုယ်တိုင်ပဲဆုံးဖြတ်ရမှာ ၊ မိဘကရွေးချယ်ပေးလို့၊
ဆွေမျိုးတွေက ရွေးချယ်ပေးလို့ဆိုတာမျိုးကြောင့်
မျက်စိမှိတ်လက်ခံကြည့်လိုက် ၊ အဲဒီအိမ်ထောင်ရေးက စလယ်ဝင်ဖင်မမဲခင် ကွဲတာပဲကွ! !! မင်း မိဘတွေအဖြစ်ကိုပြဲကည့် ၊ နောက်ဆုံးစကားကုန်ပြော
လိုက်မယ်ကွာ ၊ လူနှစ်ယောက်လက်ထပ်ဖြစ်ဖို့
အတွက် အနည်းဆုံးတော့ ချစ်ခြင်းမေတ္တာဟာ
100% ထဲမှာ 1% လောက်တော့ပါရမယ် ၊
အဲလောက်လေးပါမှာသာ ဘဝခရီးကိုနားလည်မှုနဲ့
ရှေ့ဆက်လို့ရမှာ ၊ ချစ်ခြင်းမေတ္တာ 0%နဲ့ တည်ဆောက်ထားတဲ့ အိမ်ထောင်ရေးက ဘယ်တော့မှ
မမြဲဘူး "

" ဒီလက်ထပ်ပွဲအတွက် မာမီ့ဘက်ကပေးခဲ့တဲ့
ဖိအားတွေအများကြီးပဲ ၊ နောက်ဆုံး ပတ်ဝန်းကျင် ဆိုတာကြီးနဲ့ပါ ခြိမ်းခြောက်ခဲ့တာ ၊ မိဘတွေရဲ့
ဂုဏ်သိက္ခာကိုတောင် မထောက်တဲ့သူလို့ စွတ်စွဲလာတဲ့အထိပဲ ၊ ရာဇ်ရဲ့ဂုဏ်သိက္ခပိုင်းကိုလဲ ရစရာမရှိအောင်စော်ကားခဲ့သေးတယ် ၊  အဲအချိန်တုန်းက မာမီ့ကို ကျွန်တော်ပြောခဲ့တဲ့စကားက ဂုဏ်သိက္ခာဆိုတဲ့စကားကို တဖက်သက်ထဲမသုံးဖို့ ၊ နောက်
တစ်ခါဆို ကျွန်တော်သည်းမခံဘူးလို့ပြောခဲ့တယ် ၊ တဖက်ကလူဖြစ်တဲ့ ရာဇ်ကတောင် သူ့ဂုဏ်သိက္ခာအတွက် ဘာလုပ်ပေးပါလို့မတောင်းဆိုခဲ့ဘူးဖူး ၊
နောက်ဆုံးအနေနဲ့ လပ်ထပ်ပွဲကို ရပ်မပေးနိုင်တဲ့
အတွက် မင်္ဂလာပွဲကို မာမီတို့သိက္ခာမကျစေဖို့
လူအများကြီမသိအောင်အကျဉ်းချုံး လုပ်ပေးပါ့
မယ်လို့် ကတိပေးခဲ့ရတယ်၊ အမှန်တော့ ရာဇ်နဲ့
ကျွန်တော့်ကြားမှာလဲ ပြဿနာနည်းနည်းရှိနေလို့ သူ့ကိုစိတ်အနှောက်ဖြစ်အောင် အဲဆုံးဖြတ်ချက်ကိုချလိုက်မိတာ ၊ ကျွန်တော်မှားခဲ့တာပါ "

My Oleander Hubby ( Completed ) Where stories live. Discover now