💕Why don't he kiss me?💕

Start from the beginning
                                        

အရေးကြီးတာတစ်ခုက စေ့ကို မ,သူငယ်ချင်းတွေလောက်တော့ အသိပေးစေချင်တာပင်။ ဒါမှ သူတို့နဲ့လည်း ရင်းနှီးမှုရပြီး မ,သူငယ်ချင်း ကိုရောင်နီဦးနဲ့ပတ်သက်ပြီး စေအကဲခတ်ကြည့်လို့ရမှာဖြစ်သည်။ ယောကျာ်းလေးနဲ့မိန်းကလေးကြားမှာ သူငယ်ချင်းဆိုတဲ့ဆက်ဆံရေးက ရိုးသားမဖြူစင်ခဲ့ဘူးဆိုတာ စေ့မျက်မြင်ပဲမလား။ ဒါကြောင့် မ,ဘက်က စေ့ကို မိတ်ဆက်ပေးဖို့တော့ အပူကပ်မှ ရမည်ဖြစ်သည်။

"ဒါဆို မောင်တို့ ညဈေးတန်းလျှောက်ကြမလား... အဲ့မှာဆို အကုန်အစုံရတော့ ဒီလိုလေး မ,လက်ကိုတွဲပြီး တစ်ဆိုင်ဝင်တစ်ဆိုင်ထွက် လိုက်စားရအောင်လေ"

"Good Idea... Let's Go"

မ,အပြောကို စေရယ်လိုက်ပြီးနောက် ကားကို ထိုနေရာမှ မောင်းထွက်ကာ ညဈေးတန်းရှိရာဆီဦးတည်လိုက်သည်။

💕💕💕💕💕

ညဈေးတန်းရောက်တယ်ဆိုရင်ပဲ ကားကို ခပ်လှမ်းလှမ်းမှာရပ်ကာ မ,လက်ကို တွဲပြီး ညဈေးတန်းကို လျှောက်လာခဲ့တော့သည်။ ဝက်သားဒုတ်ထိုးဆိုင်ရှေ့ရောက်တော့ မ,က အရောင်တောက်နေတဲ့မျက်လုံးတွေနဲ့ ထိုအသည်ကိုကြည့်နေရင်း စေ့ဘက်ပြန်မော့ကြည့်ကာ

"မောင် နှောင်းတို့ဝက်သားဒုတ်ထိုးစားကြရအောင်"

စေလှမ်းကြည့်လိုက်တော့ ထိုဝက်သားဒုတ်ထိုးဆိုင်ရှေ့မှာ ခုံပုလေးတွေချထားပြီး စားသုံးသူအပြည့်ဖြစ်နေတဲ့အပြင် နဂိုကတည်းက ဒီလိုအစားအစာမျိုးက သေချာပြင်ဆင်မချက်ပြုတ်ထားရင် ကျန်းမာရေးနဲ့မသင့်တော်တာမို့

"တစ်ခြားဟာစားရအောင် မ,ရယ်... သန့်မသန့်မသိဘဲနဲ့... ပြီးတော့ လူတွေကလည်းအပြည့်ပဲ"

"ဟင် မောင်ကလည်း ဝက်သားဒုတ်ထိုးပါဆိုမှ ဒီလိုမျိုး လူတွေအများကြီးနဲ့ လုစားမှ ပိုပျော်စရာကောင်းပြီး စားကောင်းတာကို"

"ဟမ် ဘယ်လို... လုစားမယ် ဟုတ်လား"

"ဟိုမှာ နှစ်ခုံလွတ်ပြီ... လာ မောင် မြန်မြန်"

စေ့စကားကို ပြန်တောင်မဖြေနိုင်တော့ဘဲ ခုံလွတ်သွားတယ်ဆိုတာနဲ့ စေ့လက်ကိုဆွဲကာ ထိုထိုင်ခုံရှိရာသို့ အပြေးအလွှားသွားထိုင်လေသည်။

💕 Feeling of Love 💕 (Unicode Ver)Where stories live. Discover now