💕Why don't he kiss me?💕

Comincia dall'inizio
                                        

မနေ့ညက နှောင်းအိမ်ပြန်ရောက်တော့ မောင်နဲ့ညဘက်ဖုန်းပြောပေမယ့် မောင့်အသံက တစ်ခုခုကို အလိုမကျဟန်။ မနက်က လိုက်ပို့တော့လည်း မနက်စာစားတုန်းက ပုံမှန်အတိုင်း နှောင်းစားဖို့ဂရုတစိုက်ပြင်ဆင်ပေးပေမယ့် နှောင်းနဲ့မောင့်ကြားမှာ လေထုက စိမ်းသက်နေသလိုခံစားနေရသည်။ ဘာကြောင့်လဲဆိုတာ မောင့်ဘက်ကဘာမှမပြောသလို နှောင်းကလည်း မသိချင်ယောင်ဆောင်ကာနေပေမယ့် မောင့်ပုံစံက တစ်ခုခုထူးဆန်းနေတာအသေချာပင်ဖြစ်သည်။

အတွေးနယ်ချဲ့ရင်း ကားမှတ်တိုင်နားရောက်လာတော့ အရှေ့အနောက် ပတ်ပတ်လည်ကို ကျီးကန်းတောင်မှောက်ကြည့်ပြီး စိတ်ချရပြီဆိုမှ မောင့်ကားနား မပြေးရုံတမယ်လမ်းလျှောက်သွားပြီး ကားတံခါးဖွင့်ကာ ဝင်ထိုင်လိုက်သည်။ ကားပေါ်ရောက်တယ်ဆိုရင်ပဲ မောင်က အမြဲတမ်းဝယ်လာနေကျ အအေးဗူးကို နှောင်းဆီ ကမ်းပေးသည်။ ဘယ်ကဘယ်လိုအကျင့်ဖြစ်သွားလဲတော့ မသိပေမယ့် မောင်က ညနေလာကြိုတိုင်း အအေးတစ်ခုမဟုတ် တစ်ခုအမြဲဝယ်လာကာ နှောင်းကိုတိုက်သည်။ ဒီနေ့လည်း ပင်မှည့်သီးဖျော်ရည်ဝယ်လာတာကြောင့် နှောင်းသောက်လိုက်တော့ အလုပ်များပြီး ခေါင်းနည်းနည်းနောက်နေတာက ကြည်လင်သွားပြီဖြစ်သည်။

"ခေါင်းမကြည်တာ သက်သာသွားပြီလား"

"ဟင် မောင်ကဘယ်လိုသိလဲ နှောင်းဒီနေ့အလုပ်တွေများပြီး ခေါင်းတွေနောက်နေတယ်ဆိုတာ"

နှောင်းအမေးကို မဖြေခင် မောင်က နှောင်းရဲ့ပါးတစ်ဖက်ပေါ်သို့ သူ့နှာခေါင်းနစ်ဝင်သွားအောင် ဖိကပ်နမ်းလိုက်ပြီး နှောင်းရဲ့လက်တစ်ဖက်ကို ကိုင်ထားကာ

"ဘာလို့ဆို မောင်တို့ရဲ့ Telepathy အားကောင်းလို့ပေါ့ မ,ရဲ့... ကဲပြောပါဦး ညစာကို ဘာစားချင်လဲ"

"ဟွန့်... ပြောတော့ Telepathy အားကောင်းတယ်ဆို"

နှာခေါင်းလေးရှုံ့ကာပြောနေတဲ့ မ,ကို ကြည့်ပြီး စေရယ်လိုက်သည်။ ဟုတ်ပါတယ် အခုလက်ရှိမှာ မ,က စေချစ်ရတဲ့မိန်းကလေးအဖြစ် စေ့ဘေးနားမှာ ရှိနေတာပဲ။ ကျန်တာဘာအရေးလဲ။ ရှေ့ဆက်ဖြစ်လာမှာတွေကိုတွေးပူနေမယ့်အစား မ,နဲ့တစ်ရက်ဆို တစ်ရက် ပျော်ပျော်ရွှင်ရွှင်ပဲ ဖြတ်သန်းသွားချင်တယ်။ မ,နဲ့ပတ်သက်ပြီး စေ့မှာအိမ်မက်တွေ အနာဂတ်တွေရှိပေမယ့် မ,ကိုပြောပြလိုက်ရင် မ,အတွက် ဝန်ပိသွားသလိုဖြစ်မှာစိုးလို့မပြောဖြစ်သေး။

💕 Feeling of Love 💕 (Unicode Ver)Dove le storie prendono vita. Scoprilo ora