💕💕💕💕💕
"နှောင်းရေ ဒါက ထိုင်ဝမ်ဘက်က အမှာစာတွေ"
"ဟုတ်ကဲ့"
"ဒီတစ်ခေါက် Winter Season အတွက် ဒီဇိုင်းတွေက အရမ်းအောင်မြင်တယ်လို့ပြောလို့ရနေပြီ... အလုပ်နဲ့လက်နဲ့ပြတ်တယ်ကိုမရှိဘူး"
အစ်မသူဇာစကားကို နှောင်းပြုံးရုံသာပြုံးပြလိုက်သည်။
"ဒါနဲ့ ဒီခရစ္စမတ်ပိတ်ရက်ကနေစပြီး New Year ထိ နှောင်း ခွင့်ရက်ရှည်ယူမှာဆို ဟုတ်လား"
"ဟုတ်တယ် အစ်မ... တီမြိုင်တို့အိမ်ထောင်သက် နှစ်၂၀ပြည့်မို့ ခရီးအတူတူထွက်ချင်တယ်ဆိုလို့လေ"
"ဒါကြောင့် နှောင်းက ဒီနှစ်ထဲ ခွင့်ရက်မယူပဲ နှစ်ကုန်မှ ခွင့်ရက်တွေအကုန်သုံးပစ်မယ်ပေါ့လေ"
"ဟွန့် အဲ့လိုဖြစ်သွားတယ်... ဒါပေမယ့် နှောင်း ရုံးမတတ်တာပဲရှိမှာပါ... အလုပ်ကတော့ Online ကနေ လုပ်ပေးမှာပါ အစ်မရဲ့... Work From Trip ပေါ့"
"ဟယ် နားရတုန်း နားစမ်းပါ နှောင်းရယ်... ခရီးထွက်တာ အလုပ်ပါသယ်သွားမလို့လား"
"ခရီးထွက်တယ်ဆိုတာထက် မိသားစုကိုအချိန်ပေးတဲ့သဘောပါ... ရောက်ဖူးသားနေရာပဲဆိုတော့ သိပ်မလည်ဖြစ်လောက်ဘူး"
"ဘယ်သွားကြမှာလဲ"
"ဘားအံသွားကြမှာ... ပထမကလောသွားဖို့စီစဉ်ထားပေမယ့် ဘားအံဘက်မှာက တည်းဖို့နေရာက ပိုအဆင်ပြေသွားလို့"
"ဪ... ပိတ်ရက်ကို ကောင်းကောင်းအနားယူပြီးဖြတ်သန်းခဲ့နော်... ဒါပေမယ့် မသွားခင် အလုပ်လေးတော့ အပြတ်ဖြတ်ကြတာပေါ့"
"ဟင်းဟင်း ဟုတ်ကဲ့ပါ"
ဒီလထဲ ကိုယ်က ခွင့်ရက်ရှည်ယူမယ့်သူမို့ အလုပ်တွေကို ပြီးနိုင်သလောက်ပြီးအောင် ဖြတ်ခဲ့ရမည်ဖြစ်သည်။ အလုပ်ကို ဘယ်လောက်ထိအာရုံစိုက်ထားမိသလဲဆို ဖုန်းထဲMessage ဝင်လာတော့မှ ရုံးဆင်းချိန်ကပ်နေပြီဆိုတာ သတိရတော့သည်။ Message ကတော့ တစ်ခြားဘယ်သူ့ဆီကမှ မဟုတ် မောင့်ဆီက ကားမှတ်တိုင်နားရောက်နေပြီဖြစ်ကြောင်း လှမ်းအသိပေးတဲ့စာပင်။
လုပ်လက်စအလုပ်တွေကို အမြန်လတ်စသက်ပြီးနောက် အပေါ့အပါးသွားကာ မိန်းကလေးသဘာဝအလျှောက် မိတ်ကပ်အနည်းငယ်ပြန်ပြင်ပြီး နှုတ်ခမ်းနီဆိုးလိုက်သည်။ ပြီးတာနဲ့ ရုံးတစ်ခါတည်းဆင်းကာ ကားမှတ်တိုင်ဘက်လျှောက်လာရင်း မောင့်အကြောင်းတွေးမိတော့ စိတ်ထဲမတင်မကျ။
💕Why don't he kiss me?💕
Start from the beginning
