စိတ်ဓာတ်မာကြောတယ်လို့ထင်ရပေမယ့် နှောင်းဟာ အရမ်းစိတ်အားငယ်တတ်ပြီး တစ်ခုခုဆိုအရမ်းတွေးကြောက်တတ်တာမို့ နှောင်းပုခုံးကိုဖက်ထားရာကနေ အားရပါးရညှစ်လိုက်ပြီး
"ငါ့အတွက်တော့ နင်ကလေ တကယ်အသည်းယားပြီး နမ်းချင်စရာကိုကောင်းနေတာ... မိန်းကလေးချင်းတောင် နင့်ကိုအသည်းယားနေတာ... နင့်ကောင်လေးက နင့်ကို အသည်းမယားပဲ မနေဘူးလို့ငါထင်တယ်... ဒီအတိုင်းသူလည်း နင့်ဘက်ကိုကြည့်ပေးတာနေမှာပါဟယ်"
"........."
"ဒီလိုလေ နင်က ရည်းစားလည်းတစ်ခါမှမထားဖူးဘူးဆိုတာ သူသိနေတော့ နင်ရှက်သွားတာမျိုးဖြစ်မှာစိုးလို့ အခြေအနေကြည့်နေတာဖြစ်မှာပါ... ဘာဖြစ်လဲဟယ် သူမစတော့ ကိုယ်ကစလိုက်ပေါ့... နင်ကြည့်နေကျ ဇာတ်ကားတွေမှာလည်း မင်းသမီးကစနမ်းတာတွေရှိတာပဲဟာ"
"ဟဲ့ အဲ့ဒါကရုပ်ရှင်လေ... ပြီးတော့ ငါမလုပ်ရဲပါဘူး... ဒီအတိုင်းသိချင်လို့မေးကြည့်ရုံပဲ... နင် ဦးကိုမပြောနဲ့နော်"
"အေးပါဟဲ့ ပြောစရာလား...
ဒါနဲ့ ငါသင်ပေးရဦးမလား"
"ဘာကိုလဲ"
"ဪ သူနင့်ကို နမ်းလာရင် နင်ဘယ်လိုနေရမလဲဆိုတာကိုလေ"
"ဟဲ့ ရူးနေလား... သွား ဟိုမှာ နင်စီးရမယ့်ကားလာနေပြီ"
ရှက်ရှက်နဲ့အတင်းနှင်လွှတ်နေတဲ့နှောင်းကို လင်းရယ်ပြလိုက်ပြီး
"ငါလမ်းပဲလျှောက်သွားတော့မှာ... နင်လည်းသွားတော့လေ"
"ဟဲ့တစ်ယောက်တည်း ဘာကိုလမ်းလျှောက်မှာလဲ... ငါလိုက်ခဲ့မယ်လေ"
"ခုပဲ နင့်လမ်းထိပ်ကိုရောက်နေပြီဟာကို... သွားသွား... ငါ့ဘာသာတစ်ယောက်တည်းပြန်လိုက်မယ်... ဒီနားနဲ့ဟိုနား ဘယ်သူမှမဆွဲဘူး"
"အေးပါ အိမ်ရောက်တာနဲ့စာပို့နော်"
"အေးအေး"
လင်းကိုနှုတ်ဆက်ပြီး နှောင်းလည်း အိမ်ပြန်လာတဲ့လမ်းတစ်လျှောက် စဉ်းစားနေမိတာက မောင့်နှုတ်ခမ်းတွေကိုဖြစ်သည်။ ပေါက်ကရတွေတွေးနေမိပြန်တာမို့ အရူးလိုပဲ လမ်းလျှောက်ရင်းခေါင်းကိုခါကာ တစ်ခြားတစ်ခုကို အာရုံပြောင်းလိုက်တော့ မောင့်ခြေဖမိုးဖြူဖြူလေးကို မြင်ယောင်မိပြန်သည်။ ဒီမနက်ဘုရားသွားတော့ မောင်က ရှပ်အင်္ကျီပုဆိုးအပြင် ကတ္တီပါခြေညှပ်ဖိနပ်စီးလာတာမို့ ကတ္တီပါဖိနပ်အနက်ရောင်လေး ဝတ်ထားသည့် ခြေဖမိုးဖြူဖြူထက်မှာ မွှေးညင်းစိမ်းစိမ်းလေးတွေပေါက်နေကာ ယောကျာ်လေးဖြစ်ပြီး ခြေထောက်တောင် ဒီလောက်လှရလားဆိုပြီး အားကျမိသေးသည်။ အရာအရာပြည့်စုံပြီး ပြစ်ချက်မရှိတဲ့မောင်နဲ့တွဲရတာ တစ်ခါတစ်လေတော့လည်း အားငယ်မိတာအမှန်ပါ။
💕Why don't he kiss me?💕
Start from the beginning
