"လင်း နင်ရည်းစားထားတုန်းကလေ ဘယ်အချိန်လောက်မှာ First Kiss ရတာလဲ"
"ဟမ်... ဘာရယ် ဘာရယ်"
"အင်းးးးး ဒါ… Kiss တာလေ... နင် တွဲပြီး
ဘယ်အချိန်လောက်မှာ စရတာလဲလို့"
သူ့နှုတ်ခမ်းကို လက်ညှိုးလေးနဲ့ထိကပ်ပြပြီး မျက်လုံးလေးထောင့်ကပ်ကာ အကြည့်လွှဲပြီးပြောနေတဲ့ နှောင်းကိုကြည့်ကာ လင်းခပ်တိုးတိုးရယ်လိုက်မိရင်းက
"ဟွန့်ဟွန်းးး... ပထမဘဲနဲ့တုန်းကတော့ ငယ်လည်းငယ်သေးတော့ ဒီလိုပဲ ထိရုံပဲလေ... ၃ရက်မြောက်လောက်ထင်တယ် ကြာပြီဆိုတော့ အတိအကျမမှတ်မိတော့ဘူး... အခု ကိုထူးနဲ့ကျတော့ ရည်းစားဖြစ်ဖြစ်ချင်းပဲ First Kiss ရတာ"
လင်းပြောသမျှကို မျက်လုံးအဝိုင်းသားနဲ့ နားထောင်နေတဲ့ နှောင်းရဲ့ပုခုံးကို ဖက်လိုက်ပြီး
"ဘာလဲ နင့်ကောင်လေးက နင့်ကို မနမ်းဘူးလား"
လင်းဆိုတာ နှောင်းအတွက် သူငယ်ချင်းလို ညီအစ်မလိုဖြစ်နေတာကြောင့် တိုင်ပင်ရမယ့်သူဆိုလို့ သူတစ်ယောက်တည်းပဲရှိသည်မဟုတ်လား။ ဒါကြောင့် ခပ်ရဲရဲမျက်နှာကို မြေကြီးထဲကျွံဝင်မတတ် ငုံ့နေရင်းက
"အင်း"
လင်းက မျက်နှာပြောင်ချော်ချော်နဲ့စလိုက်ပေမယ့် နှောင်းက အတည်ပေါက်ကြီးပြန်ဖြေတာမို့ ကပျာကယာဖြင့်
"ဟဲ့ ဟဲ့ နေစမ်းပါဦး... နင်တို့အခုထိ တခါမှ နှုတ်ခမ်းချင်းမနမ်းဖူးသေးဘူးလား... ဟို ခပ်ဖွဖွလေးရော"
"ဟင့်အင်း... မနေ့ကရုပ်ရှင်ကြည့်မှ အဲ့ကိစ္စကို ငါလည်းသတိရတာ... ငါတို့တွဲတာ ၁၀ရက်ကျော်ပြီဆိုတော့လေ... ငါကမေ့နေတာတော့ထားပါတော့ သူကယောကျာ်းလေးလေ ဒီလိုကိစ္စမျိုးကို မေ့နေတာမျိုးတော့ မဖြစ်နိုင်ဘူးမလား... ဒါမှမဟုတ် ငါကပဲတစ်ခုခု... ဘယ်လိုပြောရမလဲ... ငါကပဲ တစ်ခုခုချို့ယွင်းနေလို့များလားလို့ပါ"
"ပေါက်ပေါက်ရှာရှာ နင်ကဘာချို့ယွင်းချက်ရှိနေလို့လဲ"
"သူ့အရင် Ex က ငါ့ထက်အများကြီးပိုလှတယ်ဟ... ဆွဲဆောင်မှုလည်းရှိတယ်... သူက အဲ့လိုမိန်းကလေးမျိုးနဲ့ပတ်သက်ခဲ့ဖူးတော့ ငါက သူ့အတွက်ဆို လိုအပ်ချက်များရှိနေတာလားလို့ပါ"
💕Why don't he kiss me?💕
Start from the beginning
