💕Why don't he kiss me?💕

Start from the beginning
                                        

"တွဲနေတဲ့တစ်လျှောက် ဒီနေ့မှ ပထမဆုံးအကြိမ် ဘုရားသွားဖြစ်တာပါဟယ်... တန်းတိုးတော့တာပဲ"

"ပြောပါဦး အခြေအနေ"

"အခြေအနေကတော့ မဆိုးပါဘူး... အခုထိတော့ အေးဆေးပဲ"

"ဟင် နင်ကလည်း ဒါပဲလား... ပျင်းစရာကြီး"

"ဘာကိုလဲဟဲ့ အရူးမ စားစရာရှိတာစား"

နှောင်းတို့စားလက်စကို လက်စသတ်ပြီးတာနဲ့ လင်းနဲ့နှစ်ယောက်တည်း အိမ်ပြန်လာကြသည်။
လမ်းလျှောက်နေတုန်း ဖုန်းသံမြည်လာတာကြောင့်
ကြည့်လိုက်‌တော့ မောင့်ဆီကပင်။

"ဟယ်လို မောင်... နှောင်းနောက်မှ ပြန်ခေါ်လိုက်မယ်နော်... သူငယ်ချင်းရှိနေလို့"

!!!!!နှောင်း!!!!!

"ဒါပဲနော်မောင်"

စေ့ဘက်က ဘာမှပြန်မပြောရသေးခင် မ,က ပြောချင်တာပြောပြီး ဖုန်းချသွားသည်။ သူငယ်ချင်းနဲ့အတူရှိနေတာလို့လည်းပြောသေးတယ် နှောင်းဆိုတဲ့ ယောကျာ်းသံကိုပါ ကြားလိုက်ရတာမို့ စေရင်မောသွားသည်။ မောင့်ရင်ကိုတော့ မခွဲပါနဲ့ မ,ရယ်... ဒီတစ်ခေါက်ဆို မောင်ရင်ကွဲရလိမ့်မယ်...

💕💕💕💕💕

"ဟဲ့ လန့်ထှာ... ဘာတုန်း"

"ရော့ ဒီမှာ သော့"

နှောင်းတို့ရှိရာကို ပြေးလာတဲ့ ဦးက လက်ထဲက‌ နှောင်းရဲ့အိမ်သော့ကို လှမ်းပေးတာကြောင့် နှောင်း လျှာတစ်လစ်ထုတ်ပြကာ ရယ်လိုက်ရင်း

"ဟဲဟဲ မေ့ကျန်ခဲ့တာ"

"အေး ဓာတ်မှန်လေးသွားရိုက်ကြည့်ဦး... နင့်ခေါင်းတစ်ခုခုလွတ်နေပြီ"

"ကောင်စုတ်... သွားပြီ"

"အေး နှစ်ယောက်လုံး သတိထားပြန်ကြ"

"အွန်း"

ဦးကို နောက်တစ်ကြိမ်ထပ်မံနှုတ်ဆက်ပြီး လင်း လက်ကိုတွဲကာ ထမင်းစားထားတာကြောင့် နှစ်ယောက်သား ဗိုက်ချောင်အောင် နှောင်းတို့လမ်းထိပ်က ကားမှတ်တိုင်ထိ လမ်းလျှောက်လာခဲ့ကြသည်။ နှောင်းမနေနိုင်စွာဖြင့် လင်းကိုသိချင်တာမေးမိသည်။

💕 Feeling of Love 💕 (Unicode Ver)Where stories live. Discover now