"ကလေးတွေ ဗိုက်ဆာနေကြပြီလား... ဆော်ရီးပါကွယ် သူငယ်ချင်းတွေနဲ့ မတွေ့တာ ၅နှစ်လောက်ရှိပြီမို့ စကားကောင်းနေတာနဲ့"
"ရပါတယ် တီမြိုင်ရဲ့... တီမြိုင်တို့စားပြီးပြီလား"
"တီမြိုင်တို့ကစားပြီးပြီ... သားကြီးနဲ့သမီးတို့ သူငယ်ချင်းတွေ အတူတူစားလိုက်ကြတော့လေ... သားကြီးက အခုထိ Kitchen ထဲက မထွက်လာသေးဘူးလား"
"လတ်စသတ်ရင်း နှောင်းတို့အတွက် ပြင်ပေးနေတယ်တဲ့... ဟော ဟိုမှာလာပြီ"
"အေးအေး သွားစားကြတော့ သွား"
မှန်ပြတင်းပေါက်နားက စားပွဲပေါ်မှာ နှောင်းတို့အတွက် ပြင်ဆင်ထားတဲ့ ဟင်းပွဲတွေကို ချနေတဲ့ ဦးနားရောက်သွားတော့
"ထိုင်ကြတော့ စားကြမယ်"
ထမင်းစားနေတာ တစ်ဝက်လောက်ရောက်ချိန်မှာတော့
"ဘယ်လိုလဲ မနက်အစောကြီး ရည်းစားနဲ့ဘုရားသွားရတဲ့ Feeling လေး"
"ဟင်... ဘယ်သူလဲ နှောင်းလား"
ဦးအပြောကို လင်းက အံ့ဩတကြီးရေရွတ်ရင်း နှောင်းကို မျက်လုံးကြီးပြူးပြီးလာကြည့်တော့သည်။မာလာမောက်ချိုက် ပန်းကန်ထဲက ပုစွန်ကိုလှမ်းယူနေတဲ့တူကိုင်ထားတဲ့လက်တွေက လေထဲမှာရပ်တန့်သွားကာ ပါးစပ်မှာဝါးနေတဲ့အသားဖတ်ကို အမြန်မျိုချကာ ဦးကို ကြည့်ပြီး
"မနက်က နင်တွေ့လိုက်တာလား"
ဦးက အသားတစ်ဖက်ကို ပါးစပ်ထဲထည့်လိုက်ရင်း ပြုံးစစနဲ့ ခေါင်းညိတ်ပြရင်း
"မနက်က လေ့ကျင့်ခန်းလုပ်ပြီးအပြန် နင်ကားပေါ်တက်သွားတာ တွေ့တာ"
"ဪ"
"ဘာမှ မဪနေနဲ့... ဘယ်လိုလဲအခြေအနေ နင်အဆင်ပြေတယ်မလား... တကယ်တကယ် နင့်ရည်းစားကို ငါအရမ်းတွေ့ချင်နေပြီ... ဇီဇာကြောင်တဲ့ နှောင်းရိပ်ငယ်ကို ရအောင်ခြွေနိုင်တဲ့သူက မြင်ဖူးချင်လိုက်တာ... ဘယ်လိုလဲရောင်နီ ချောလား နင်တွေ့လိုက်လား"
"ဟင့်အင်း... နှောင်း ကားပေါ်တက်သွားတာပဲ တွေ့လိုက်တာ"
လင်းက ဟုတ်လားဆိုတဲ့အကြည့်ဖြင့် နှောင်းဘက်ကို ကြည့်လာရင်း
💕Why don't he kiss me?💕
Start from the beginning
