💕Why don't he kiss me?💕

Mulai dari awal
                                        

💕💕💕💕💕

နှောင်းတို့သူငယ်ချင်းတွေ ညနေဘက်ဒိတ်တယ်ဆိုတာကလည်း ထွေထွေထူးထူးမဟုတ် တီမြိုင်တို့ဆိုင်မှာ ညစာအတူတူစားတာပဲဖြစ်သည်။ နှောင်းနဲ့လင်း နှစ်ယောက်သား လက်ချင်းချိတ်ပြီး စကားတပြောပြောနဲ့ ဆိုင်ထဲကိုဝင်လာတော့ ကောင်တာမှာထိုင်နေတဲ့ တီမြိုင်က လှမ်းပြုံးပြနေသည်။

"တီမြိုင်တစ်ယောက်တည်းလား လေးနိုင်ရော"

"အပေါ်ထပ်မှာ သူငယ်ချင်းတွေရောက်လာလို့ အိမ်ခေါ်ပြီး ဧည့်ခံနေတယ်... သမီးတို့လာတာနဲ့အတော်ပဲ ကောင်တာမှာ ခဏထိုင်ပေးလို့ရမလား... တီမြိုင်လည်း အပေါ်ခဏသွားချင်လို့... ကျောင်းတုန်းကတည်းက သူငယ်ချင်းတွေလေ မတွေ့တာလည်း ကြာနေလို့"

"ရတယ် တီမြိုင်သွားပါ... နှောင်းတို့စောင့်ပေးပါ့မယ်"

"အေးအေး ကျေးဇူးပဲနော် သမီး"

တီမြိုင်သွားတာနဲ့ နှောင်းနဲ့လင်းနဲ့ ကောင်တာဘက်မှာ ထိုင်ပြီး စကားပြောနေကြသည်။ ခဏအကြာ ဝန်ထမ်းကောင်မလေးတစ်ယောက်က နှောင်းတို့ရှိရာ ကောင်တာဘက်လျှောက်လာကာ

"မမ... ကိုရောင်နီက မမတို့ဘာစားပြီးပြီလဲတဲ့... ဘာစားချင်လဲတဲ့ သူချက်ပေးမယ်ပြောတယ်"

"ရတယ်လို့ တီမြိုင်တို့ဆင်းလာမှ တူတူစားကြမယ်လို့ ပြောလိုက်နော် ညီမလေး... Kitchen ထဲမှာ အလုပ်များနေကြတာလား"

"ဟုတ် ဆန်းဒေးဆိုတော့ ထုံးစံအတိုင်းပဲ"

"အိုခေ အိုခေ အစ်မလည်းလိုက်ခဲ့မယ်"

"ဟုတ်"

"ငါ ခဏလိုက်သွားဦးမယ်... ဘာကူညီလို့ရမလဲဆိုတာ... နင်တစ်ယောက်တည်း စောင့်လည်းရတယ်ဟုတ်"

"ရတယ် ရတယ်သွား"

လင်းကိုပြောပြီး နှောင်း Kitchen ဘက်လျှောက်လာတော့ အလုပ်ရှုပ်နေကြတာမြင်လို့ အကူအညီမဖြစ်ပဲ အနှောင့်အယှက်ဖြစ်မှာစိုးတာနဲ့ ကောင်တာဘက်ပဲ ပြန်လာရင်း လင်းနဲ့လေပစ်နေလိုက်သည်။

တစ်နာရီနီးပါးလောက်ကြာတော့ တီမြိုင်တို့လည်း
ဆိုင်ဘက် ပြန်လာကာ

💕 Feeling of Love 💕 (Unicode Ver)Tempat cerita menjadi hidup. Temukan sekarang