💕Why don't he kiss me?💕

Start from the beginning
                                        

"ဟီး နှောင်းမေ့သွားတာ"

"ငရုတ်သီးတွေအရမ်းထည့်မစားနဲ့လေ မ,ရဲ့... ဗိုက်တွေနာမှာပေါ့"

"ရတယ် နှောင်းဗိုက်က ခံနိုင်ရည်ရှိတယ် အေးဆေး... ဦးလေး လျှာခင်လေး ပေးပါဦး"

ဗန်းထဲမှာထည့်ထားတာလည်း စုံနေတဲ့အပြင် တစ်ခြားသူတွေက ထိုဗန်းထဲကပဲ ဆိုင်ရှင်ဦးလေးထည့်ပေးသမျှ တစ်ချောင်းပြီးတစ်ချောင်းစားနေပေမယ့် စေချစ်ရတဲ့မိန်းကလေးကတော့ မျိုးစုံ တစ်ခုပြီးတစ်ခု လှီးခိုင်းနေတော့တာပဲဖြစ်သည်။ ဆိုင်ရှင်ခဗျာ လက်က စက်တပ်ထားသလို ခပ်သွက်သွက်လှီးပေးနေရသည်။

"ဟင်"

နှောင်း တစ်ချောင်းတည်းကျန်တဲ့ ကောက်ညှင်းအူပိတ်ကို ယူဖို့လက်လှမ်းလိုက်စဉ် နှစ်ယောက်ကျော်မှာထိုင်နေသည့် စုံတွဲထဲက မိန်းကလေးဖြစ်သူက ထိုတစ်ချောင်းကို ယူသွားလျှင် နှောင်းရဲ့လက်က လေမှာပဲရပ်တန့်သွားသည်။ ဘာလဲဟ ဒီကောင်မလေး။ စောနကတည်းက နှောင်းယူမယ်လို့ပြင်လိုက်တဲ့ ဒုတ်ထိုးတိုင်းသူက လှမ်းလှမ်းယူနေတာ။ ဝက်သားဒုတ်ထိုးစားရင် ဒီလိုမျိုးကြုံလေ့ကြုံထရှိပေမယ့် အခုကသက်သက်ကြီး လုပ်နေသလိုပင်။ ကောက်ညှင်းအူပိတ်ဆို နှောင်းမှာ တစ်ချောင်းထဲ စားရသေးတာဖြစ်သည်။ စိတ်ကထောင်းခနဲဖြစ်ကာ ဆိုင်ရှင်ဦးလေးကြီးဘက်သို့လှည့်ကြည့်၍

"ဦးလေး ကောက်ညှင်းအူပိတ်ရသေးလား"

ဦးလေးကြီးက ပုံထားတဲ့အသားတုံး‌ပုံတွေကြားမှာ ဟိုဖယ်ဒီဖယ်ရှာရင်း

"ဒါလေးပဲကျန်တော့တယ် တူမကြီးရယ်... ဒီနေ့ ကောက်ညှင်းအူပိတ်ချည်းပဲ ပါဆယ်ဝယ်သွားတဲ့သူရှိလို့"

"ဟုတ်ကဲ့ သမီးကို နည်းနည်းလှီးပေးပါဦး"

"အေးအေး"

ဆိုင်ရှင်ဦးလေးကြီးက ကောက်ညှင်းအူပိတ်ကို ခပ်သွက်သွက်လှီးပြီး ဒုတ်ထိုးနေတာကို နှောင်းက ပန်းကန်ထဲထည့်ထားသည့် ဝက်သားဒုတ်ထိုးတွေကို စားရင်း မျက်တောင်မခတ်ကြည့်နေသည်။ ၆ချောင်းစာလောက်ပဲရတော့သည့် ထိုကောက်ညှင်းအူပိတ်ကို နှောင်းတို့ရှေ့သစ်သားတန်းစီမချခင် ဟင်းရည်ထဲအရင်နှစ်ပြီး ‌သစ်သားပြားပေါ်တင်လိုက်တာနဲ့ နှောင်းက ဖျတ်ခနဲ ထို၆ချောင်းလုံးကို လှမ်းယူပြီး နှောင်းပန်းကန်ထဲထည့်လိုက်သည်။ ဒီတစ်ခေါက် လေထဲမှာတန်းလန်းဖြစ်သွားတဲ့လက်ပိုင်ရှင်ကတော့ ထိုမိန်းကလေးသာ။

💕 Feeling of Love 💕 (Unicode Ver)Where stories live. Discover now