"ဟို... မောင်မကြိုက်ဘူး မ,ရဲ့... မ,ဘာသာစားနော်... အများကြီးလည်းမစားနဲ့ဦး ဗိုက်တွေနာဦးမယ်"
"ရပါတယ် နှောင်းစားနေကြ... အင့် ဒီတစ်ချောင်းတော့စားကြည့်ပါဆိုနေ... ဝက်အသည်း မောင်ရဲ့ နူးအိနေတာပဲ"
မျက်ဝန်းတောက်တောက်လေးတွေက စေ့ကိုကြည့်ကာ ခွံ့ကျွေးနေတဲ့အပြင် ပထမဆုံးအနေနဲ့ မ,ကိုယ်တိုင်က ဒီလိုခွံကျွေးတာဆိုတော့ ဖြစ်ချင်ရဖြစ် မ,စိတ်ချမ်းသာဖို့အရေးကြီးတယ်ဟု နှလုံးသွင်းကာ စေ့ပါးစပ်ကိုဟကာ မ,ခွံ့ကျွေးတဲ့ ဝက်အသည်းဆိုတာကို စားလိုက်သည်။ လျှာပေါ်ရောက်ရောက်ချင်းပဲ ပူတက်လာသည့်ခံစားချက်ကြောင့် မြန်မြန်ဝါးကာ မျိုချလိုက်ပေမယ့် လျှာပေါ်မှာထင်ကျန်ခဲ့တဲ့ အစပ်အရသာကြောင့် စေ ရှူးရှူးရှဲရှဲဖြစ်သွားသည်။
"ဟူးးး ရှူးး စပ်... စပ်လိုက်တာ မ,ရယ်"
"ဟမ် စပ်သွားလား... နေ... နေဦး ဟင်းရည်သောက်လိုက် ရော့"
ပန်းကန်လုံးထဲကဟင်းရည်ကို ဇွန်းလေးနဲ့ခပ်ကာ ပူမှာစိုးလို့ နှုတ်ခမ်းလေးနဲ့ တဟူးဟူးမှုတ်ပေးပြီး စေ့ကို တိုက်လေသည်။ စေလည်း စပ်စပ်နဲ့ မ,တိုက်တဲ့ ဟင်းရည်နှစ်ဇွန်းလောက်သောက်ပြီးချိန်တွင် အစပ်ကသက်သာသွားပြီဆိုပေမယ့် စေ့ကို စိုးရိမ်ကြီးစွာ နောက်ထပ်တစ်ဇွန်းကို မှုတ်ပြီး ထပ်တိုက်ရင်ပြင်နေတဲ့ မ,ကို ကြည့်ပြီး ကြည်နူးနေမိသည်။ နှုတ်ခမ်းဖူးဖူးလေးက ရှေ့ကိုစုချွန်ထွက်နေကာ တဟူးဟူး မှုတ်နေတာကြောင့် ထိုနှုတ်ခမ်းလေးကိုကြည့်ပြီး စေ့မှာ ရင်ဘတ်ထဲ ကတုန်ကယင်ဖြစ်လာသည်။
"မောင် အဆင်ပြေရဲ့လား... မျက်နှာကရဲနေတုန်းပဲ... ရော့ တစ်ဇွန်းသောက်လိုက်ဦး"
ကြောင်အအဖြင့် မ,တိုက်တဲ့ဟင်းရည်ကို ထပ်သောက်လောက်ပြီး
"ရပြီ မ,... မောင်အဆင်ပြေတယ်"
"အင်း... အစပ်မစားနိုင်ဘူးလား မောင်"
"စားနိုင်ပါတယ် ဒါပေမယ့် မ,စားနေတဲ့အချဉ်ရည်ကိုလည်းကြည့်ဦးလေ ငရုတ်သီးတွေပါထည့်ထားတဲ့ဟာ"
ဟုတ်သား။ နှောင်းက ငရုတ်ဆီအချဉ်ရည်ထဲကိုမှ ငရုတ်သီးထပ်ထည့်ခိုင်းထားတာကြောင့် နှောင်းရဲ့အချဉ်က စပ်နေမယ်ဆိုတာကို မေ့သွားတာအမှန်ပင်။ မောင့်ကို မျက်နှာချိုသွေးကာ ရယ်ပြလိုက်ပြီး
💕Why don't he kiss me?💕
Start from the beginning
