"ဦးလေး တစ်ချောင်း ဘယ်လောက်လဲ"
"အတိုက ၂၀၀ အရှည်က ၁၀၀"
"ဟုတ်ကဲ့ ဟင်းရည်လေးထည့်ပေးပါဦး... အချဉ်ကို ပန်းကန်အသေးလေးနဲ့သက်သက်ထည့်ပေးနော်"
"အေးအေး တူမကြီး"
ဝက်သားဒုတ်ထိုးကို ဓားနဲ့လက်မလည်အောင် လှီးနေတဲ့ဦးလေးကြီးကိုပြောပြီးတာနဲ့ နှောင်းလည်း ကိုယ်စားချင်တဲ့အရာတွေကို ရွေးပြီးလက်ထဲမှာ တုတ်ချောင်းလေးတွေကို စုကိုင်ထားသည်။ ဟင်းရည်ပန်းကန်လာချပေးတာနဲ့ ထိုပန်းကန်ထဲ လက်ထဲကဒုတ်ထိုးတွေကို နှစ်ထားလိုက်ပြီး တစ်ချောင်းချင်းစီ အချဉ်ရည်နဲ့တို့ကာ စားနေလိုက်သည်။ စားနေပေမယ့် မျက်လုံးကိုအနားမပေးပဲ ၀က်သားဒုတ်ထိုးတစ်ဗန်းလုံးကို မျက်လုံး Scan ဖတ်နေပြီး ကိုယ်စားချင်တဲ့ဒုတ်ထိုးကိုလည်း လှမ်းလှမ်းယူကာ အရည်ပန်းကန်ထဲထည့်ထားလိုက်သေးသည်။
"ဦးလေးရေ သရက်ရွက်လေးပေးပါဦး"
"အေးအေး... အရည်က ကြိုက်သလောက်ယူထည့်နော်"
"ဟုတ်... ကြာဇံကြော်သုပ်တစ်ပွဲပါပေးနော်... မောင်ရောစားမလား"
"ဟင့်အင်း တော်ပြီ"
စေကတော့ ပါးစပ်ထဲမှာဝါးလက်စအပြင် လက်ထဲမှာရော ပန်းကန်ထဲမှာရော ဝက်သားဒုတ်ထိုးတွေအပြည့်ဖြစ်နေသည့် မ,ကို အံ့ဩစွာငေးကြည့်နေမိသည်။ အချဉ်ရည်ပန်းကန်ကို လက်ကကိုင်ကာ ဒုတ်ထိုးကိုအချဉ်ရည်နဲ့တို့ပြီးတိုင်း ပန်းကန်းကိုပါ ပါးစပ်နားထိတိုးပြီး စားနေတဲ့ မ,က စေ့ဘက်ကို လုံးဝပြန်လှည့်မလာပဲ သူမအကြည့်တွေအားလုံးကို ဝက်သားဗန်းဆီသာ ပို့ထားလေသည်။ ရုတ်တရက် ထိုဝက်သားဗန်းပေါ်ကိုတောင် မနာလိုဖြစ်မိတယ်။ မ,က စေ့ကို ဒီလိုမျိုး မျက်တောင်မခတ်ပဲ တစ်ခါမှမကြည့်ခဲ့ဘူး။ ငါနော်။
ကိုယ့်အတွေးနဲ့ကိုယ် ယောက်ယက်ခတ်နေစဉ် ပါးစပ်နား နီရဲရဲနဲ့ရောက်လာတဲ့အရာကြောင့် ကြည့်လိုက်တော့ မ,က ဝက်သားဒုတ်ထိုးတစ်ချောင်းကို အချဉ်ရည်နဲ့တို့ပြီး သူ့ကိုခွံ့ကျွေးနေတာပင်။
"အင့် စားလေ မောင်"
"ဗျာ"
"စားလေလို့"
💕Why don't he kiss me?💕
Start from the beginning
