"ဟွန်းး"
ထို့နောက် နှောင်းတို့ကားလေးသည် ရွှေတိဂုံဘုရားဆီသို့။
ဒီမနက် စောစောနိုးနေတာကြောင့် ရောင်နီ ရပ်ကွက်တစ်ပတ်ပြေးရင်း ရပ်ကွက်နားက ပန်းခြံမှာ လေ့ကျင့်ခန်းလုပ်ပြီး ပြန်အလာ တိုက်ခန်းရှေ့မှာ မြန်မာဝတ်စုံဝတ်ထားပြီး မတ်တပ်ရပ်နေတဲ့ နှောင်းကို ခပ်လှမ်းလှမ်းကနေတွေ့လိုက်ရသည်။ နှောင်းဆီသွားဖို့ ခြေလှမ်းခပ်သွက်သွက်လျှောက်ရန်ပြင်နေတုန်း ရောင်နီ့ဘေးကနေ အရှိန်နဲ့မောင်းသွားတဲ့ကားက နှောင်းရှေ့မှာ ရပ်သွားပြီး နှောင်းက ထိုကားပေါ်တက်သွားသည်။ နှောင်းတက်သွားပြီးမကြာဘူး မောင်းထွက်သွားတဲ့ကားကြောင့် ရောင်နီပြုံးလိုက်ကာ
"မိနှောင်းတော့ ရည်းစားနဲ့ ဘုရားသွားတယ်ပေါ့လေ" ဟု စိတ်ထဲတွေးလိုက်ပြီး တိုက်ခန်းရှိရာသို့ အေးအေးလူလူလမ်းလျှောက်လာလိုက်သည်။
💕💕💕💕💕💕💕💕💕💕
မြောက်ဘက်မုခ်မှာ ကားပါကင်ထိုးကာ နှောင်းတို့ရွှေတိဂုံဘုရားရင်ပြင်ပေါ်သို့ တက်လာသည်။
နှစ်ယောက်သားလက်ချင်းတွဲကာ လှေကားထစ်တွေကိုနင်းပြီး လျှောက်ရတဲ့ခံစားချက်က တစ်မျိုးတစ်ဖုံစိတ်လှုပ်ရှားစေသည်။ စောင်းတန်းကနေ ဘုရားပန်းရောင်းတဲ့ဆိုင်မှာ ဘုရားပန်းကို ကြာပန်းအဖြူရောင်ကို ရွေးဝယ်ပြီးနောက် မောင်က ဘုရားပန်းတွေကို ညာဘက်လက်ကကိုင်ကာ ဘယ်ဘက်လက်ကတော့ နှောင်းလက်ကိုတွဲပြီး လှေကားထစ်များကို နင်းဖြတ်ကာ ဘုရားရင်ပြင်ပေါ်သို့ရောက်လေသည်။ ခေါင်းလောင်းသံ ဆည်းလည်းသံလေးတွေ တစ်ချွင်ချွင်မြည်နေပြီး မနက်ခင်းလေနုအေးလေးတွေက မျက်နှာပြင်ပေါ်သို့တိုက်ခတ်လာပြီး နဖူးပေါ်က ချွေးတို့ကို ချွေးသိပ်စေသည်။
မောင်နဲ့နှောင်းရဲ့ နေ့နံထောင့်တွေမှာ ဘုရားပန်းကပ်လှူ၊ ရေသပ္ပါယ်၊ ဘုရားရှိခိုးပြီးနဲ့ အရှေ့ဘက်စောင်းတန်းမှာ ထိုင်ပြီး လက်ထဲကဘုရားပန်းကိုကိုင်ပြီး ဘုရားရှိခိုးပြီးနောက် မောင်က နှောင်းလက်ထဲက ပန်းကိုယူပြီး သူ့လက်ထဲကပန်းနဲ့ပေါင်းကာ စောင်းတန်းထဲက ပန်းအိုးထဲမှာ သွားထိုးပြီး နှောင်းထိုင်နေတဲ့နေရာကို ပြန်လျှောက်လာသည်။ နှောင်းဘေးမှာ ထိုင်နေတဲ့မောင့်ကို စောင်းငဲ့ကြည့်ပြီး
💕Only one wish💕
Start from the beginning
